ပဲမျုးိစုံပြည်ပတင်ပို့မှုမှာ ပဲစင်းငုံကတော့ တန် တစ်သောင်းအထက်နဲ့ အပတ်စဉ် တင်ပို့မှု များနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီ ၁၆-၂၀) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယမှာ ပဲအသစ်ထွက်ပေမဲ့ အထွက်လျော့ကျတဲ့ သတင်းတွေ အရ အဝယ်ရှိနေတဲ့အတွက် ပြည်ပတင်ပို့မှုကလည်း အားကောင်းနေခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲစင်းငုံပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၃၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၉ သန်းခန့်ရှိလို့ ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀၀ နီးပါး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၂၂ သန်းနီးပါးထက် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လက်ရှိအရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT
Background