ပဲလွန်းဖြူကို ယခုတစ်ပတ်မှာ ပြည်ပ တင်ပို့မှုရော အရောင်းအဝယ်ပါ ပိုဖြစ်လာကာ တွေ့ရပါတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မှုအနေနဲ့ ဇန်နဝါရီလ ၁၆-၂၀ ရက်အတွင်း တန်ချိန် ၄၁၀ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိ လစ်ပိုင်နဲ့ အိန္ဒိယဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပဲလွန်းဖြူ တန်ချိန် ၂ သောင်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈ သန်း ကျော်ရရှိခဲ့လို့ ယခင် ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏ တန်ချိန် ၁၈၀၀၀ ကျော်၊ ဝင်ငွေအား ဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်နဲ့ ယှဉ်ရင် ပမာဏရော ဝင်ငွေပါပိုမိုခဲ့ ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒေသ အသီးသီးက ပဲလွန်းဖြူအသစ်များ ဝင် လာပြီဖြစ်ပြီး ပြည်ပနိုင်ငံ တော်တော် များများက ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်န ဝါရီလ ၂၀ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိရာမှ ဇန်နဝါရီလ ၂၇ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀၊ SQ တစ်တန် ကန် ဒေါ်လာ ၈၄၀-၈၆၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background