Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ မတ်ပဲ နေ့စဉ်အဝယ်ရှိပေမဲ့ ပုံမှန်ပမာဏသာ အရောင်းအဝယ်ဖြစ်

Fri, 02/03/2012 - 07:21 -- Anonymous (not verified)

              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲကို နေ့စဉ်အဝယ်ရှိနေပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏမှာပုံမှန်သာရှိတာကြောင့် ဇန်နဝါရီလ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပတ်အတွင်းမှာ တန်ချိန် ၅၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမတ်ပဲဈေးက အခြေခံ ဈေး ရောက်နေပြီဖြစ်လို့ အိန္ဒိယဝယ်လက်တွေကလည်း အကြိုက်တွေ့နေပြီလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ပြည်တွင်းကုန်သည်တချို့က ဈေးကျ မှာ စိုးရိမ်ပြီး ထိုးရောင်းမှုတွေရှိနေလို့ ကျဈေးမှာ ပြည်ပဝယ်လက်တွေကလည်း အဝယ်တုံ့နေတယ်လို့ ဆိုပါတယ်။ အခြေခံဈေးဖြစ်နေပြီး အိန္ဒိယမှာလည်း ဈေးမြင့် လာမယ့် အခြေအနေအရ မြန်မာမတ်ပဲက ဒီထက်ကျဆင်းနိုင်ဖွယ်မရှိဘူးလို့လည်း အဆိုပါဝါရင့်ကုန်သည်ကြီးက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေတန်ဖိုးမာပေမဲ့ ရန်ကုန် FOB မတ်ပဲဈေးက ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။              ဒေါ်လာ/တန်                          မတ်ပဲ(FAQ)       မတ်ပဲ(SQ)၂၇-၁-၂၀၁၂          ၅၇၀-၅၉၀          ၆၁၀-၆၃၀၂၀-၁-၂၀၁၂         ၅၈၀-၆၀၀           ၆၃၀-၆၅၀MIRT(MAPT)