Main menu

Background

မူဆယ်အပို့ကျပေမယ့် မြဝတီမှ ပွဲဦးထွက်ပို့ပြီ

Fri, 02/03/2012 - 07:37 -- Anonymous (not verified)

              ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်နဲ့ မြဝတီနယ်စပ်စခန်းများကနေ ပဲတီစိမ်းလုံးပြည့် ၂၇၉ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၇၇ တန်ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်နဲ့ နှိုင်းယှဉ်ရင် လေးပုံတစ်ပုံခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံပွဲတော်ရာသီဖြစ်ပြီး လုပ်ငန်းများ ခေတ္တပိတ်ထားတာကြောင့် မူဆယ်နယ်စပ်မှ အပို့ကျတာဖြစ်ပါတယ်။ မြဝတီ နယ်စပ်ကတော့ ၄၆ တန်နီးပါးပွဲဦးထွက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမူဆယ် ပဲတီစိမ်းသယ်ပို့ခကတော့ ယခင် အပတ်နှုန်းထားထက် ၁၀ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံဈေးများပါ ကျဆင်းသွားတာ တွေ့ရပါတယ်                                   မိမိဘက်(ကျပ်/တန်)        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု         ယခင်     ပြောင်းလဲမှု    %    ယခု    ယခင်   ပြောင်းလဲမှု    %ပဲတီစိမ်း ၅၅၇၂၉၁  ၅၇၉၀၆၅       ၂၁၇၇၄    ၃ .၉   ၇၉၀     ၈၀၇          ၁၇        ၂MIRT (DOBT)