Main menu

Background

အိန္ဒိယပဲမျိုးစုံနဲ့ သီးနှံအသင်းမှ ပဲပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းကို ပြန်ခွင့်ပြုဖို့ တောင်းဆို

Fri, 02/03/2012 - 07:43 -- Anonymous (not verified)

           လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို ပြန်လည်တင်ပို့ခွင့်ပြုဖို့ အိန္ဒိယပဲမျိုးစုံနဲ့သီးနှံ အသင်း (IPGA) မှ တောင်းဆိုထားကြောင်း အသင်းဒုတိယဥက္ကဌ Bimal Kothari မှ ပြောကြားပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်သူလည်းဖြစ်သလို စားသုံးမှုနဲ့တင်သွင်းမှုလည်း အကြီးမားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကပြည်ပ တင်ပို့မှု ပိတ်ထားတဲ့အတွက် ပြည်ပတင်ပို့ခွင့်မရှိဘူးလို့ Kothari ကဆိုပါတယ်။               ပဲမျိုးစုံတင်ပို့ခွင့်အခြေအနေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၅ မှ ၁၇ ရက်ထိ မွန်ဘိုင်းမြို့မှာကျင်းပမယ့် ကမ္ဘာ့ပဲမျိုးစုံ ညီလာခံမှာ ကြေညာဖွယ်ရှိတယ်လို့ဆိုပါတယ်။IPGA က ဦးစီးကျင်းပမဲ့ အဲဒီညီလာခံမှာ အိန္ဒိယမှ ပဲလုပ်ငန်းရှင် ၁၅၀ဦး အပါအဝင် ၄၅၀ ဦးခန့် တက်ရောက်မယ်လို့သိရပါတယ်။                  ပဲမျိုးစုံဈေးနှုန်းကျဆင်းနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့တစ်နှစ်ခွဲထက်ယှဉ်ရင် နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းက ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းနေပြီး၊ ရှေ့ဆက်ပြီးလည်း အကျဘက်ရှိနိုင်တယ်လို့ Kothari ကဆိုပါတယ်။ အဓိကကတော့ ပဲမျိုးစုံထုတ်လုပ်မှုတိုးတက်လာတာကြောင့်လို့ဆိုပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုက တန်ချိန် ၁၇ သန်းကို ယခင်နှစ်ထွက်ရှိတဲ့တန်ချိန် ၁၈ ဒသမ ၂ သန်းထက် ၅ ရာခိုင်နှုန်းလောက် ကျဆင်းနိုင်ပေမဲ့လည်း နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းအပေါ် ကြီးကြီးမားမား ထိခိုက် နိုင်ဖွယ်မရှိပါဘူးလို့လည်း Kothari က ခန့်မှန်းနေပါတယ်။ ယမင်းခင်၊Source:businessstandard