Main menu

Background

ပြည်တွင်းဈေးကွက်သာ အဆွဲရှိတဲ့ ရှမ်းချင်း

Fri, 02/03/2012 - 07:50 -- Anonymous (not verified)

                ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းစိုက်ဒေသတစ်ခုဖြစ်တဲ့ နမ့်စန်ကထွက်တဲ့ချင်း တွေလည်းဈေးကွက်ကိုစပြီး ဝင်လာပါပြီ။ လောလောဆယ်တော့ အဝင်အနည်းငယ် သာရှိနေပြီး ၂ လပိုင်းလောက်မှသာ လှိုင်လှိုင်ဝင်လာနိုင်တယ်လို့သိရပါတယ်။ နမ့်စန် ချင်းသစ်က တစ်ပိဿာ ၂၅၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းတွေလည်း အဝင်နည်း နေပါသေးတယ်။ ခြံရှင်တွေက ကြိုက်ဈေးမရလို့မဖော်သေးဘဲစောင့်နေပါတယ်။ အစိုဈေးကိုလည်း ကြိုက်ဈေးမရခဲ့ရင် ပြုတ်ခြောက်သာလုပ်တော့မယ်လို့ လည်းသိရ ပါတယ်။ ဟိုပုံးချင်း (နီ)ကလည်း တစ်ပိဿာ ၂၅၀ ကျပ်ဈေးသာရှိပြီး၊ ချင်းခြောက် က တစ်ပိဿာ ၁၄၀၀-၁၅၀၀ ကျပ်ဈေးရှိပါတယ်။                    အောင်ပန်းဈေးကွက်မှာတော့ ကလော၊ ပင်လောင်း၊ ပင်းတယစတဲ့မြို့နယ် တွေကထွက်တဲ့ ချင်းတွေက လှိုင်လှိုင် ဝင်နေတယ်လို့သိရပါတယ်။ အဝင်များပေမဲ့ ချင်း ထိုးသမားတွေနဲ့ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတဲ့ အတွက် ရောင်း အားလည်းလျော့နေတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ၂၅၀ ကျပ်မှ ၃၅၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက် (အသစ်)ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ အဟောင်းက တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်