Main menu

Background

မန်ကျည်း တင်ပို့အားကောင်း

Fri, 02/03/2012 - 07:52 -- Anonymous (not verified)

                      ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း မန်ကျည်း ၂၇၃ ဒသမ ၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်း တင်ပို့မှုတွေက ပါကစ္စတန်နိုင်ငံကို ၉၈ ဒသမ ၂ တန်၊ အင်ဒိုနီးရှားကို ၁၂၅ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့ခဲ့လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန်နှစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှစ်စပိုင်းမှစပြီး အပတ်စဉ်မန်ကျည်းတင်ပို့မှုရှိနေခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ၇၄၀ နဲ့တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)