Main menu

Background

ပြည်ကြက်သွန်နီ အဝင်များလို့ ဈေးကျ

Fri, 02/03/2012 - 07:55 -- Anonymous (not verified)

                 ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကြက်သွန်နီဈေးကွက် ကို ယခုတစ်ပတ်အတွင်း မကွေးတိုင်းမှ ကြက်သွန်နီ အသစ် များအဝင်များလာတဲ့အတွက် ဈေးပြန်ကျသွားခဲ့ပါတယ်။ ဇန်နဝါရီလဒုတိယပတ်မှာ ကြက်သွန်နီ (ကြီး) တစ်ပိဿာကို ၆၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး၊ ယခုဇန်နဝါရီလ စတုတ္ထပတ်မှာ (ကြီး) တစ်ပိဿာ ၄၀၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်၊ (သေး) ၂၀၀ ကျပ်တို့နဲ့ တစ်နေ့ ၃၅ ပိဿာဝင်အိတ် ၃၀၀ ခန့်နဲ့ အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်