Main menu

Background

ကားတင်သွင်းမှု များပြားလာ ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး ဆက်လက်မြင့်တက်

Fri, 02/03/2012 - 07:55 -- Anonymous (not verified)

              ယခုတစ်ပတ်အတွင်း ကားတင်သွင်းမှုများ များပြားလာသည်နှင့်အမျှ အမေရိကန်ဒေါ်လာ ဈေးနှုန်းများနှင့် အက်ဖ်အီးစီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။                         အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုတစ်ပတ်တွင် စင်တာများ၌ ရောင်း ဈေး ၈၃၅ကျပ်နှင့် ဝယ်ဈေး ၈၂၀ကျပ် ဖြင့် သုံးရက်မျှ ငြိမ်နေခဲ့ရာမှ ဇန်နဝါရီ လ ၂၆ ရက်တွင် ရောင်းဈေး ၈၄၀ ကျပ်နှင့်ဝယ်ဈေး ၈၂၅သို့ မြင့်တက်လာ ခဲ့သည်။                     ပြင်ပဈေးကွက်တွင်မူ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းထက် အက်ဖ်အီးစီ လဲလှယ်နှုန်းက ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။ ပြင်ပဈေးကွက်တွင် ဇန်နဝါရီလ ၂၃ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၁ ကျပ်၊ အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၃၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ တစ်ပတ် အတွင်း နောက်ဆုံးဈေးပိတ်ရက် ဖြစ် သည့် ဇန်နဝါရီလ ၂၇ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၈၂၆ကျပ် ရှိခဲ့ ပြီး အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၈၄၂ ကျပ်အထိ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ အမေရိကန်ဒေါ်လာဈေး နှုန်းများ ဆက်လက်မြင့်တက်နေရခြင်း မှာ ကားတင်သွင်းမှုများ များပြားလာမှု ကြောင့်ဖြစ်ရကြောင်း ပြင်ပဈေးကွက်  အတွင်းမှ စုံစမ်းသိရှိရသည်။                        ''အခုဆိုရင် ဒေါ်လာဈေးကွက်က တစ်နေ့တခြား မြင့်တက်လာတယ်။ နေ့ တိုင်းလိုလို အရောင်းအဝယ်က ဖြစ်နေတယ်။ အဝယ်ထက် အရောင်းကပိုများ နေတာ။ ဒါကြောင့် ဈေးကွက်သဘော အရပြောရရင် ဈေးတက်ဖို့ဖြစ်လာတာ ပေါ့။ ကားတင်သွင်းမှုတွေ များလာသ လိုကားဝယ်တဲ့သူတွေကလည်း ကညန အခွန်ဆောင်ဖို့ အက်ဖ်အီးစီတွေကို လိုက်ဝယ်ကြတော့ အက်ဖ်အီးစီဈေးက ဒေါ်လာထက် ပိုများလာတာပဲ။ ဒါမျိုး ဖြစ်နေတာ သုံးပတ်လောက်ရှိနေပြီ။ နောက်ပိုင်းထပ်ပြီး ဈေးတက်လာဦး မယ်လို့တော့ ထင်တာပဲ။ အခုတောင် အဝယ်ပဲရှိတာ၊ အရောင်းက ထင်သ လောက် တက်မလာတော့ ဈေးကွက် ထဲမှာပစ္စည်းက နည်းသလောက်ဖြစ် နေပြီ''ဟု ဒေါ်လာပွဲစားတစ်ဦးက ပြော သည်။ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ နှင့်အက်ဖ်အီးစီဈေးနှုန်းများ မြင့်တက် လာမှုနှင့်အတူ ပို့ကုန်ဝင်ငွေဈေးနှုန်းများ မှာလည်း မြင့်တက်လာခဲ့သည်။ ဇန်နဝါရီလ ၂၀ရက်နေ့ ဈေးပိတ်ချိန်တွင် ပို့ကုန် ဝင်ငွေဈေးနှုန်းမှာ ၈၅၄ကျပ်ဖြင့် ဈေး ပိတ်ခဲ့ပြီး ဈေးပြန်ဖွင့်ချိန်တွင် ၈၅၃ကျပ် ရှိခဲ့သည်။ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ၈၅၈ကျပ်သို့မြင့်တက်ခဲ့ပြီးနောက် ဆက် လက်မြင့်တက်ခဲ့ရာ ဇန်နဝါရီလ ၂၆ရက် နေ့တွင် ၈၆၅ကျပ်အထိ မြင့်တက်လာ ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက် ဈေးပိတ် ချိန်တွင် ၈၇၀ ကျပ်သို့ မြင့်တက်ခဲ့ပြီး ဈေးပိတ်ခဲ့သည်။                         ထိုကဲ့သို့ ပို့ကုန်ဝင်ငွေဈေးနှုန်းများ မြင့်တက်ရခြင်းမှာလည်းမော်တော်ယာဉ် တင်သွင်းမည့်ကုမ္ပဏီများ၏ပို့ကုန်ဝင်ငွေ လိုအပ်ချက်ပမာဏများ များပြားလာ ခြင်းကြောင့်ဖြစ်ရကြောင်း ကုန်သည် တစ်ဦး၏ မှတ်ချက်အရသိရသည်။ ''အခုရက်ပိုင်းမှာ ပိုပြီးသိသာလာ တယ်။ ဒီပို့ကုန်ဝင်ငွေတွေက ဈေးတွေ တစ်နေ့ထက်တစ်နေ့ တက်လာတာ။ မော်တော်ယာဉ် တင်သွင်းတဲ့ကုမ္ပဏီ တော်တော်များများက ပို့ကုန်ဝင်ငွေ တွေမရှိတဲ့အခါကျတော့ ပို့ကုန်ဝင်ငွေတွေကို လိုက်ပြီးဝယ်နေကြတာ။ မော်တော်ယာဉ်တင်သွင်းမယ့်သူများလေ ပို့ ကုန်ဝင်ငွေက ဈေးတက်လေပဲ''ဟု သုံး သပ်ပြခဲ့သည်။ MTD, KM2O