Main menu

Background

တရုတ်နှစ်သစ်ကူးရာသီကြောင့် မန်းရွှေ အရောင်းအဝယ်အေးပီး ဈေးနှုန်းကျ

Fri, 02/03/2012 - 08:05 -- Anonymous (not verified)

                မန္တလေးရွှေဈေးကွက်မှာ တရုတ် နှစ်သစ်ကူးရာသီကြောင့် ရွှေအရောင်း အဝယ်အေးပြီး ရွှေဈေးနှုန်းမှာလည်း တစ်ပတ်အတွင်း ပြန်ကျလာကြောင်း သိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မကျော့ က ''တရုတ်နှစ်သစ်ကူးကြောင့် အရောင်းအဝယ်ရော၊ ဈေးကွက်ရော အေးနေတာ။ နှစ်သစ်ကူးပြီးရင် ရွှေဈေးပြန်တက်နိုင်ခြေရှိတယ်၊ ဈေးကွက် က လဆန်းပိုင်းက မြေဝယ်ထားတဲ့သူတွေ၊ ကားအပ်တဲ့သူတွေက ငွေရလို့ အရောင်းအဝယ် ကောင်းခဲ့တယ်။ အောင်သမာဓိက နယ်ဝယ်လက်များတယ်။ ဒီနှစ်မှာတော့ သီးနှံပေါ်ချိန် ပေမယ့် နယ်ဝယ်လက် နည်းနေတယ်။ တရုတ်နှစ်သစ်ကူး မတိုင်မီနဲ့ တရုတ် နှစ်သစ်ကူးကာလမှာတန့်နေတာ။ နှစ် ကူးပြီရင်တော့ အရောင်းအဝယ် ပြန် လိုက်လာမယ်လို့ ထင်ပါတယ်''လို့ ပြော ပါတယ်။ မန္တလေးရွှေဈေးကွက်မှာ အောင်သမာဓိအခေါက်ရွှေဈေးနှုန်းမှာ ဇန်န ဝါရီ ၄ ရက်က တစ်ကျပ်သားကို ၆၈၆၀၀၀ ကျပ်ဈေး၊ အနိမ့်ဆုံးဈေးမှ ဇန်နဝါရီ ၆ ရက်မှစပြီး တစ်ကျပ်သားကို ၇၁၂၀၀၀ ကျပ်ဈေးနဲ့ စတင်မြင့်တက် လာခဲ့ပါတယ်။                    ယခုတစ်ပတ် ဇန်နဝါရီ ၁၈ ရက် က ၇၁၇၅၀၀ကျပ်၊၁၉ရက်မှာ၇၁၂၀၀၀ ကျပ်၊ ၂၀ ရက်မှာ ၇၁၅၀၀၀ ကျပ်၊ ၂၁ရက်မှာ ၇၁၁၀၀၀ ကျပ်၊ ၂၂ ရက်မှာ ၇၁၂၅၀၀ ကျပ် ဈေးရှိကြောင်း သိရပါတယ်။တရုတ်နှစ်သစ်ကူးကာလအတွင်း ဇန်နဝါရီ ၁၈ ရက်က အခေါက်ရွှေ တစ်ကျပ်သား ၇၁၇၅၀၀ ကျပ်ဈေးရှိရာမှ ၂၂ ရက်မှာ ၇၁၂၅၀၀ ကျပ် ဈေးထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး