အရောင်းအေးနေတဲ့ ဓာတ်မြေသြဇာ
ကွန်ပေါင်းမြေသြဇာ အဝင်များခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၁၆၈၅ ဒသမ ၂၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ် မှာ နိုင်ငံစုံမှ ကွန်ပေါင်းမြေသြဇာကို အများဆုံး တင်သွင်းလာတာတွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေမှာ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၈၇၀၊ တရုတ် နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ ၇၂တန်၊ ချီလီနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၁၄၀၊ ဘူဂေးရီးယားနိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၀ ၊ ထိုင်းနိုင်ငံမှ မြေသြဇာမျိုးစုံ ၁၀၃ ဒသမ ၂၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်း ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေကိုကြည့်ရင် ကွန်ပေါင်းမြေသြဇာက တန်ချိန် ၁၀၈၂ တန်နဲ့ အခြား ဓာတ်မြေသြဇာတွေက တန်ချိန် ၆၀၃ ဒသမ ၂၀ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ကွန်ပေါင်းမြေသြဇာက အများဆုံးတင်သွင်းခဲ့တယ်လို့ ဆိုရပါမယ်။ ယခင် သီတင်းပတ်က တန်ချိန် ခုနှစ်ရာ့သုံးဆယ်ကျော်သာ အဝင်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ယခင် တစ်ပတ်ထက် တန်ချိန် ၂ ဆကျော်လောက်ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။MIRT (DOT) သုံးနိုင်ငံနယ်စပ်ကဝင်တဲ့ ဓာတ်မြေသြဇာ ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်း၊ ထိုင်းနိုင်ငံနယ်စပ်ရှိ တာချီလိတ်နဲ့ ကော့သောင်းစခန်း၊ တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တို့မှ ဓာတ်မြေသြဇာ ၈၆၂၀ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၈၇၈ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ထက် သုံးပုံတစ်ပုံခန့် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုကတော့ မူဆယ်မှ ၇၃၅၈ တန်၊ ကော့သောင်းမှ တန် ၄၀၊ တာချီလိတ်မှ တန် ၂၀၀ နဲ့ ရိဒ်မှ ၁၀၂၁ တန်တို့တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ကွန်ပေါင်း (၁၅း၁၅း၁၅)၊ ကွန်ပေါင်း (၂၀းဝး၅)၊ မိုနိုအမိုမီ ယမ်ဖော့စဖိတ်၊ နိုက်ထရိတ်ပိုတက်ရှ်၊ စင်ဂယ်စူပါဖော့စဖိတ်၊ ထရိုင်စူပါဖော့စဖိတ်နဲ့ ယူရီးယားဓာတ်မြေသြဇာများဖြစ်ပါတယ်။MIRT (DOBT) အရောင်းအေးနေတဲ့ ဓာတ်မြေသြဇာ မော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာအရောင်း က ပုံမှန် နှစ်ထက်စာရင် အေး နေတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ရာသီချိန် မဟုတ်လို့ မြေသြဇာအရောင်းကလည်း သိပ်မရှိတာလို့ပြောပါတယ်။ ကုမ္ပဏီက ချပေးထားတဲ့ ပစ္စည်းတွေကိုပဲ တွန်းအားပေးရောင်းနေရတာလို့ဆိုပါတယ်။ အရောင်း ပုံမှန်ရှိနေတာနဲ့အမျှ ဈေးကလည်း အတက်အကျမရှိဘူးလို့ သိရပါတယ်။ ယခင် တစ်ပတ်ရောင်းတဲ့ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ အရောင်းပုံမှန်ရှိနေတဲ့ မြေသြဇာက တီစူပါ ၄၆ % (သံကွင်း-တရုတ်)ဖြစ်ပါတယ်လို့ ၎င်းအရောင်းဆိုင်မှဝန်ထမ်းက ပြောပါတယ်။ ဒီတစ်ပတ်အရောင်းဖြစ်နေတဲ့ ဈေး တွေက ပုလဲအသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း ၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) က ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈(မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ %(သံကွင်း-တရုတ်) က ၂၆၅၀၀ ကျပ်၊ တီစူပါ ၄၆ %(မြှား-တရုတ်) ၂၇၅၀၀ ကျပ်နဲ့ တီစူပါ ၁၆ % (မြှားကမ္ဘာ-တရုတ်) က ၁၃၀၀၀ ကျပ် ဈေးအသီးသီးရှိတယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ တော့ ဓာတ်မြေသြဇာက အရောင်း အေးပြးီ ဈေးက အီနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ဒီအချိန်က တီစူပါ ၁၆% က အသုံးများလို့ သူတစ်မျိုးတည်းသာ ဈေး အနည်းငယ်လှုပ်ပြီး ရောင်း ရတယ်လို့ပြောပါတယ်။ အဝယ်နည်းရင် ၅၀၀ ကျပ်လောက် ဈေးချရောင်းပြီး ရောင်းအားတက်လာရင်တော့ ၅၀၀ ကျပ်-၁၀၀၀ ကျပ်လောက် ဈေးမြင့်ပြီး ရောင်း ရတယ်လို့ ၎င်းင်းဝန်ထမ်းမှပြောပါတယ်။ ဒီအချိန်မှာ အရောင်းအဝယ်သိပ်မကောင်း လို့ ဆိုင်လက်ကျန်လေးနဲ့ပဲ မှေးရောင်းနေရတယ်လို့ ပြောပါတယ်။ အရောင်းအေး နေသလို ဈေးကလည်းငြိမ်နေပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းဖြစ် နေတဲ့ဈေးက ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ရွှေတောင်-တရုတ်) က ၂၀၅၀၀ ကျပ်၊ (ပန်းဖူး-တရုတ်) က ယခင် ၂၁၀၀၀ ကျပ်မှ ယခု ၂၂၀၀၀ ကျပ်၊ တီစူပါ ၁၂ % က ယခင် ၈၅၀၀ကျပ်မှ ယခု ၉၅၀၀ကျပ်၊ တီစူပါ ၁၆ %(တရုတ်)က ယခင် ၉၅၀၀ ကျပ်မှ ယခု ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) က ယခင် ၃၆၅၀၀ ကျပ်မှ ယခု ၃၆၀၀၀ ကျပ် ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) က ယခင် ၁၅၅၀၀ ကျပ်မှ ယခု ၁၄၀၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ကဈေးမပြောင်းဘဲ ၁၈၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ကလည်း ဈေးမတက်ဘဲ ၁၈၅၀၀ ကျပ် ဈေးတွေနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ သိရပါ တယ်။ အရောင်းအေးနေတာနဲ့အမျှ ဈေးကလည်းတန့်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်လုံး တရုတ်နှစ်ကူးပိတ်ရက်များကြောင့်လည်း အရောင်း ကပိုအေးနေရ တာလို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ယူရီးယား (ရွှေတောင်-ပန်းဖူး-တရုတ်)၊ တီစူပါ (GTSP 46%-တရုတ်)၊တီစူပါ (GTSP 16%-တရုတ်)၊ တီစူပါ (GTSP 12%-တရုတ်)၊ ကွန်ပေါင်း ၁၅ ပတ် လည်(တရုတ်)နဲ့ အာမို(ဒိုင်းမွန်းစတား) စတဲ့မြေသြဇာတွေက ယခင် တစ်ပတ်ဈေး အတိုင်းသာရှိပြီး အရောင်းအဝယ်က ဆောင်းနဲ့အတူ အေးနေတယ်လို့ ဈေးကွက် အတွင်းမှ သိရပါတယ်။MIRT (DOT)
