Main menu

Background

ပွင့်လင်းရာသီမှာ အရောင်းသွက်လာတဲ့ ဘိလပ်မြေ

Fri, 02/03/2012 - 08:40 -- Anonymous (not verified)

ဘိလပ်မြေတန်ချိန် လေးသောင်းကျော်တင်သွင်း                     ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၄၇၆၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သိန်းလေးဆယ် ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာ ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၆၀၀ နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ တန်ချိန် ၃၄၀၀၀ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်ဘိလပ် မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင်တန်ချိန်နဲ့ယှဉ်ရင် အဝင် ၃ ဆလောက် ပိုမိုတင်သွင်း နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နှစ်ကူးချိန်ကာလဖြစ်၍ ဘိလပ်မြေအသွင်းလျော့                  ဇန်နဝါရီ ၁၈ မှ ၂၄ ရက်ထိကာလအတွင်း ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းနဲ့ ကန်ပိုက်တီးစခန်းကနေ ဘိလပ်မြေ တန်ဖိုး ဒေါ်လာ သုည ဒသမ ၀၄၃ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ရင် တန် ၁၈၀၀ခန့် လျော့ နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ မူဆယ်၊ မြဝတီနဲ့ တာချီလိတ် စခန်းများက အသွင်းမရှိတာတွေ့ရပါတယ်။ တရုတ်နယ်စပ်ကတော့ နှစ်ကူးရာသီဖြစ် တဲ့အတွက် အချို့စက်ရုံများ အလုပ်နားချိန်ဖြစ်လို့ တင်သွင်းမှု လျော့နည်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။MIRT (DOBT)ပွင့်လင်းရာသီမှာ အရောင်းသွက်လာတဲ့ ဘိလပ်မြေ               မန္တလေးဈေးကွက်မှာတော့ ဘိလပ်မြေအရောင်းက အေးနေတယ်လို့  သိရပါတယ်။ တရုတ်နှစ်ကူးပိတ်ရက်နဲ့ဆက်ပြီး လုပ်ငန်းတွေလည်းအေးနေတာကြောင့် ဖြစ်ပါတယ်လို့ အရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အရောင်းအေးနေ တာကြောင့် ဘိလပ်မြေဈေးတွေကလည်း အနည်းငယ်အကျဘက်မှာ ရှိနေပါတယ်။ ဈေးကွက်အတွင်း ရောင်းအားရှိနေတဲ့ ဆင်တံဆိပ်နဲ့ စိန်တံဆိပ်ဘိလပ်မြေက တစ်အိတ်ကို ၁၀၀ ကျပ်မှ ၂၀၀ ကျပ်ထိ ဈေးကျလာသော်လည်း အခြားတံဆိပ်တွေက ယခင်တစ်ပတ်ဈေးအတိုင်း ပဲငြိမ်နေတယ်လို့ ဆိုပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ ဘိလပ်မြေက ရောင်း အားကောင်း လာတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဈေးကွက်အတွင်းကြံ့(မြိုင်က လေး) ကအသုံးများလို့ ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ ဆင်တံဆိပ် (ထိုင်း) က ရောင်းအားရှိပေမယ့်လည်း ကြံ့(မြိုင်ကလေး) က ဈေးချိုတာကြောင့် ပိုပြီးအသုံးများတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း)က တစ်အိတ်ကို ၄၉၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေပေမဲ့ ကြံ့ (မြိုင်ကလေး)ကတော့ ယခင် ၃၄၅၀ကျပ်မှ ယခု ၃၇၀၀ ကျပ်ထိဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ စိန်(ထိုင်း)ကတော့ အသုံးနည်းသလို ပစ္စည်းကလည်းပြတ်နေတယ်လိ့ု သိရပါတယ်။ တောင်ကြီးဈေးကွက်မှာလည်း ဘိလပ်မြေအရောင်း သွက်လာတယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီရောက်လာတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းများလည်းကောင်းလာပြီး ဘိလပ်မြေတွေလည်း ရောင်းအားကောင်းလာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ တောင်ကြီးဈေးကွက်ထဲမှာ စိန် (ယိုးဒယား)၊ ခြင်္သေ့၊ မြို့တော်နဲ့ နဂါးတံဆိပ်ဘိလပ်မြေတွေက ရောင်းအားရှိတယ် လို့ သိရပါတယ်။ အရောင်းသွက်ပေမဲ့လည်း ဈေးကတော့ စိန်(ယိုးဒယား) ဘိလပ်မြေက ဈေးအနည်းငယ်တက်ပြီး ကျန်ဘိလပ်မြေဈေးတွေက ပြောင်းလဲမှုမရှိဘူးလို့ အရောင်းဝန်ထမ်းမှပြောပါတယ်။ စိန်(ယိုးဒယား)က ယခင် ၆၉၀၀ ကျပ်မှ ယခု ၇၀၀၀ ကျပ်နဲ့ရောင်းပြီး ခြင်္သေ့က တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော်က ၄၃၀၀ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေ အရောင်းသွက်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်း သွက်ပေမဲ့လည်း ဈေးကတော့ငြိမ်နေဆဲပါ။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေတဲ့ဈေးတွေက ဆင်(ယိုးဒယား) ၄၈၀၀ ကျပ်၊ စိန်က ၄၇၀၀ ကျပ်နဲ့ ယခင် အပတ်ကဈေးအတိုင်း မပြောင်းလဲဘဲ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOT)