Main menu

Background

ဟင်္သာတပဲပုပ်ဈေးမာပြီး အဝင်များ

Fri, 02/03/2012 - 09:01 -- Anonymous (not verified)

                 ဟင်္သာတဈေးကွက် အတွင်းကို ပဲပုပ်အသစ်များ နေ့စဉ်ဝင်ရောက်ခဲ့ရာ ယခုတစ်ပတ် အိတ် ၄၀၀ကျော်-၅၀၀ အထိ အဝင်များလာပါတယ်။ ပဲပုပ် အသစ်များမှာ ဟင်္သာတမြို့အနီးရှိကျေးရွာများနဲ့ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများမှ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်းကို ယခင်အပတ်က ၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု အပတ်မှာ တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ ဈေးမာလာပြီး၊ စီးထွက်မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှအိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါ တယ။် အေးအေးခိုင်