ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ မှန်မှန်ရှိနေပါတယ်။ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ ဂျပန်၊ ကိုရီးယားနဲ့ မလေးရှားကို နှမ်းတန်ချိန် ၇၀၀ ကျော် တင်ပို့ခဲ့လို့ ယခင်တစ်ပတ်ထက် အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ နှမ်းပြည်ပတင်ပို့မှု စုစုပေါင်းမှာ တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄၄ သန်း ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈ သောင်းနီးပါးနဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၄ သန်းကျော်ရရှိခဲ့လို့ ယခုနှစ် လက်ရှိအချိန်ထိ တင်ပို့မှုမှာ ပိုမို နေကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်ဈေးအတိုင်း ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT
Background