ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်ကနေနှမ်းရောင်စုံ ၁၁၀၈ တန်ကျော် တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၁၀ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။အရောင်အလိုက် တင်ပို့မှုတွေ့ကတော့ နှမ်း နက် ၄၂၃ တန်ကျော်၊ နှမ်းဖြူ ၆၄၉ တန်နီးပါး၊ နှမ်းဖြူ (အခွံချွတ်) ၂၇ တန်နီးပါးနဲ့ နှမ်းနီ ၁၀ တန် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကထက် တန် ၁၀၀၀ ခန့် အပို့လျော့ခဲ့ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေးမှာ နှမ်းဖြူဈေး ပြောင်းလဲမှု မရှိပေမယ့် နှမ်းနက်ဈေး ကျဆင်းသွားတာတွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးကတော့ နှမ်းဖြူရော နှမ်းနက်ပါဈေးကျနေကြောင်း သိရပါတယ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၆၅၅၅၄ ၉၆၅၅၅၄ - - ၁၂၆၅ ၁၂၉၁ ၂၆ ၂နှမ်းနက် ၈၈၃၉၀၂ ၉၅၁၉၄၆ ၆၈၀၄၄ ၇ .၆ ၁၃၉၁ ၁၄၂၀ ၂၉ ၂MIRT (DOBT)
Background