Main menu

Background

တောင်အမေရိကရဲ့ သီးနှံထွက်ရှိမှုအပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီကြမ်းဈေး အမြင့်နဲ့ပိတ်

Fri, 02/03/2012 - 09:17 -- Anonymous (not verified)

             တောင်အမေရိက ကပဲပုပ်ထွက်ရှိမှုအပေါ် စိုးရိမ်မှုတွေ ဆက်ရှိနေတာကြောင့်ပိတ်ရက်များအတွင်း အရောင်း အဝယ်ပါးပြီး မလေးရှား ကုန်စည်ဒိုင် စားအုန်းဆီ ကြမ်းကြိုပွိုင့်ဈေးအမြင့်နဲ့ပိတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဈေး မြင့်တက်မှုအပေါ် ဂရိကြွေးမြီးပြဿနာ ဆက်လက်ဖြေရှင်းနိုင်ဖွယ်မရှိတဲ့ စိုးရိမ်မှု တွေက ပြန်လည် ကန့်သတ်လိမ့်မယ်လို့လည်း ခန့်မှန်းကြပါတယ်။ မလေးရှား ဘာစာကုန်စည်ဒိုင်မှာ ဧပြီလအခြေခံစံနှုန်း စာချုပ်ဈေးဟာ သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၁၆၉ (ကန်ဒေါ်လာ ၁၀၄၂) ဈေးဖြစ်ခဲ့ပါတယ်။ ဥရောပရဲ့ ပြဿနာက ဈေးကွက်အပေါ် ရိုက်ခတ်နေဆဲဖြစ် ပေမယ့် တောင်အမေရိကား ပဲပုပ်ထွက်ရှိမှုကလည်း ဈေးနှုန်းကျဆင်းမှုကို တားဆီး နိုင်လိမ့်မယ်လို့ကွာလာလမ်ပူအခြေစိုက်ကုန်သည်တစ်ဦးကဆိုပါတယ်။ အာဂျင်တီး  နားနဲ့ ဘရာဇီးတို့လို ပဲပုပ်ထိပ်တန်း ထုတ်လုပ်သူတွေရဲ့ သီးနှံထွက်ရှိမှု ကျဆင်းမယ့် ခန့်မှန်းချက်တွေ ဆက်လက်ဖြစ်နေဦးမယ်ဆိုရင် နောက်သီတင်းပတ် အနည်းငယ်မှာ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဈေးကို အရှိန်အဟုန်နဲ့ တွန်းပို့နိုင်တယ်လို့လည်း ၎င်းကထပ်လောင်း ပြောကြားပါတယ်။                   ဒါပေမယ့်လည်း ဟင်းချက်ဆီ အဓိကဝယ်ယူတဲ့ တရုတ်နိုင်ငံမှာ နှစ်သစ်ကူး ပိတ်ရက်တွေကြောင့် အရောင်းအဝယ် ပိတ်ထားဆဲဖြစ်လို့ ပြည်ပဝယ်လိုအားနည်း နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့လက်ငင်းဈေးကွက်မှာ ဧပြီ၊ မေ၊ ဇွန်လများအတွက် သန့်စင်ပြီး စားအုန်းဆီဈေးဟာ FOB တစ်တန် ကန်ဒေါ်လာ ၁၀၆၅ ရှိပြီး၊ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၀ မြင့်ပြီး ရင်းဂစ် ၃၁၉၀ (ကန်ဒေါ်လာ ၁၀၄၉)ဈေးရှိခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source:Palmoil.com