မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

မတ်ပဲစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ       ယခင်           ယခု        ပြောင်းလဲမှု၁ ဘုရင့်နောင်        ၁ တန်      ၄၆၈၀၀၀        ၄၄၉၀၀၀၂ မုံရွာ                 ၁ ပိဿာ      ၆၈၅                ၆၉၀၃ ပြည်                 ၁ ပိဿာ      ၇၀၀                ၆၈၅၄ ဟင်္သာတ           ၁ ပိဿာ      ၇၀၀                ၆၉၅၅ မန္တလေး             ၁ ပိဿာ      ၇၀၀               ၇၀၀ဆက်သွယ်ရန် ဖုန်း-၀၁-၆၈၀၉၁၀မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                  ဘုရင့်နောင်ဈေးကွက်တွင် ယခင်အပတ်က တစ်တန်ကို ၄၆၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မတ်ပဲ (RC) ကတော့ ဒီတစ်ပတ်မှာ အိတ်စပို့ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၄၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၆၀၀၀၀ ကျပ်အတွင်း တန် ၂၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ် ပတ်က ကုန်စည်ဒိုင်မှာ တရုတ်နှစ်ကူးကလည်းရှိတာရယ်၊ ပဲအရောင်း အဝယ်ပြုလုပ်လိုတဲ့ ကုန်သည်တွေလာရောက်မှုက ပုံမှန်ထက်စာရင် နည်းသွားတာရယ်၊ အိတ်စပို့ဝယ်လက်ကလည်း ဈေးလျော့အဝယ် ရှိတာရယ်ကြောင့် အခုလိုဈေးတွေကျလာတာလို့ ပဲကုန်သည်တစ်ဦး ကဆပို ါတယ။် မန္တလေးဈေးကွက်မှာမတ်ပဲ( ကုန်ကြမ်း )က ို ရန်ကုန် ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်သမားများက ဝယ်အားပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့နေ့ စဉ်အိတ် ၁၂၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက် မှာ ဒေသတွင်းပဲခွဲစက်တွေနဲ့ လက်လီပြန်လည်ရောင်းချမည့်သူများက မတ်ပဲကို တစ်ပိဿာ ၆၉၀ ကျပ်(တစ်တန်ကို ၄၂၂၅၄၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားအဝယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ဟင်္သာတဈေးကွက်မ် ှာ မတ်ပဲက ဈေးကွက်အဝင်ရှိသလောက် အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ပုံမှန်အဝယ်ရှိ ခဲ့တယ်လို့ သိရပါတယ်။ ပဲကဈေးကွက်ကို အဝင်နည်းနေသေးတယ်။ ရှေ့တစ်ပတ်လောက်ဆိုရင် ပိုမိုဝင်ရောက်လာနိုင်ပြီး အရောင်းအဝယ် လည်းသွက်လာနိုင်တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၉၅ ကျပ်(တစ်တန်ကို ၄၂၅၆၁၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲသစ်တွေ ဈေးကွက်သို့အဝင်နည်းသေးတာကြောင့် လက်ကျန်ပဲဟောင်းများသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အဓိကဝယ်လက်ကတော့ ရန်ကုန်ဝယ်လက် ဖြစ်ပြီး တစ်ပိဿာကို ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။