ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၆၈ ၂၉၅၂ လားရှိုး ၁ ပိဿာ ၃၃၅ ၃၃၅၃ မူဆယ် ၁ တန် ၂၄၀၁၄၃ ၂၃၆၇၆၅၄ မန္တလေး ၁ ပိဿာ ၃၁၅ ၃၃၃နှစ်ကူးပွဲတော်ကြောင့် ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်များက ဝယ်လိုအားလျော့လာ တောင်ကြီးဈေးကွက်မှာပြောင်းကို တရုတ်နှစ်ကူးပွဲတော်ကြောင့် မန္တလေး-ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ ဝယ် လိုအား လျော့သွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၉၅ ကျပ်နဲ့တစ်ပတ်အတွင်း ပိဿာချိန် ၅၅၀၀၀၀ ခန့် ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တွေက ဆိုပါတယ်။ အခုအ ရောင်းအဝယ်ပါးသွားတာက နှစ်ကူးပွဲတော်ကြောင့်ပါ။ နှစ်ကူးပြီးမှ အရောင်းအဝယ်ပြန်လည်သွက်လာနိုင်ကြောင်း ဒေသခံပြောင်းကုန် သည်များက ဆိုပါတယ။် မန္တလေးဈေးကွက်မှာပြောင်း ကို တရုတ် ဝယ်လက်က ဝယ်လိုအားပုံမှန်ထက်စာရင် နည်းသွားပေမယ့် ဈေးက တော့ ယခင်အပတ်နဲ့စာရင် နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာပြောင်းကို နှစ်ကူးပွဲတော်ကြောင့် တရုတ်ဝယ် လိုအားလျော့သွားလို့ အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ် နဲ့စာရင် နည်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၃၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်များကဆိုပါတယ်။
Background