ပဲတီစိမ်း(အညာ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ ပိဿာ - ၁၀၈၀ -၂ မုံရွာ ၁ ပိဿာ ၈၁၆ ၈၁၆၃ မန္တလေး ၁ ပိဿာ ၈၅၃ ၈၃၆၄ ပြည် ၁ ပိဿာ ၈၁၅ ၈၄၀၅ မကွေး ၁ ပိဿာ ၈၁၅ ၈၁၅ပဲတီစိမ်း(အညာ) အပြင် ပဲတီစိမ်းခရမ်း(ရွှေဝါ)ပါ အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(ခရမ်း)ရွှေဝါစ တွေဈေးကွက်ထဲ စတင်ဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၁၀၈၀ ကျပ်(တစ်တန်ကို ၆၆၁၃၈၁ ကျပ်)နဲ့ အိတ်စပို့အဆွဲက တစ်ပတ်အတွင်း တန် ၁၈၄ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ။် ပဲတီစိမ်း(ခရမ်း)က ဈေးကွက် သို့အဝင်နည်း ပေမယ် အရည် အသွေးကောင်းတဲ့အပေါ် အိတ်စပို့ဝယ်လက်က ဈေးပေးအဝယ်ရှိ နေတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက် မှာ ပဲတီစိမ်း(အညာ)က ဈေးကွက်သို့အဝင်နည်းလာပေမယ့် တရုတ် ဝယ်လက်က နှစ်ကူးအပြီးမှာ အဝယ်သွက်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၆ ကျပ် (တစ်တန်ကို ၅၁၁၉၅၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲက သူ့အရည်အသွေးနဲ့သူ တရုတ်က ဈေးပေး အဝယ်ရှိနေတယ်၊ ရောင်းတဲ့ကုန်သည်တွေကလည်း အဆိုပါဈေးနဲ့ အရောင်းများတယ်။ ဒါကြောင့်ဈေးကွက်မှာ အရောင်းအဝယ်မဖြစ် တဲ့နေ့တောင် မရှိဘူးလို့ မြို့ခံပဲကုန်သည်တွေက ဆိုပါတယ်။ ပဲတီရွှေဝါကတော့ ဒီတစ်ပတ်ဈေးနှုန်းသာရှိပြီး အရောင်းအဝယ်ပါးနေ ကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အညာ)ကိုမန္တလေးဝယ်လက်က တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင ် ဈေးတန့်နေတယ်လို့ဆိုပါတယ။် မကွေးဈေးကွက်မှာတော့ မန္တလေးဝယ်လက်က ပဲတီစိမ်းကို အရည်အသွေးပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ သိရပါတယ်။ အရောင်းအ ဝြယ်ဖစမ် ကှု တစပ် ဿိ ာက ို ၈၁၅ ကျပ(် တစတ် နက် ို ၄၉၉၀၉၇ ကျပ)် နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြားသာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပြည်ေ်ဈေးကွကွက်မ် ှာ ပဲတီစိမ်းဈေးကွက်သ့ို အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
Background