ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၁၆၀၀၀ ၅၁၀၀၀၀၂ မန္တလေး ၁ ပိဿာ ၇၆၇ ၇၈၃၃ မုံရွာ ၁ ပိဿာ ၇၈၅ ၇၇၀၄ ပခုက္ကူ ၁ ပိဿာ ၇၈၀ ၇၈၀၅ မြင်းခြံ ၁ ပိဿာ ၇၇၀ ၇၆၅၆ အောင်လံ ၁ ပိဿာ ၇၉၀ ၇၉၀၇ မကွေး ၁ ပိဿာ ၇၈၅ ၇၈၀၈ ပြည် ၁ ပိဿာ ၇၉၀ ၇၉၀ပဲစင်းငုံနီ (သစ်)ရော (ဟောင်း)ပါ အရောင်းအဝယ်ပုံမှန်ရှိနေ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (သစ်) ရော (အဟောင်း) ပါ သူ့အရည်အသွေးနဲ့သူ အိတ်စပို့ဝယ်လက်တွေက ပုံမှန်အဆွဲရှိခဲ့သလို ရောင်းသူကုန်သည်များကလည်း လက်ကျန်ပဲ ဟောင်းများကို အရောင်းများလာတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ငုံနီ(သစ်)တစ်တန်ကို အနိမ့်ဆုံး ၅၁၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၁၉၀၀၀ ကျပ်အတွင်း ၊ ငုံနီ(ဟောင်း)တစ်တန်ကို အနိမ့် ဆုံး ၄၇၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၈၇၀၀၀ ကျပ်အတွင်း စုစုပေါင်း တန်ချိန် ၃၉၁၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွ်ကမှာ ပဲစင်းငုံနီ (သစ်) တွေ အရောင်းအဝယ်သွက် ခဲ့ပြီး (အဟောင်း)က အရောင်းအဝယ်ပါးနေတယ်လို့ ဆိုပါတယ်။ အသစ်က အရည်အသွေးကောင်းတယ်လေ၊ ဒါကြောင့် အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်အဆွဲများတာပေါ့လို့ ပဲကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၈၃ ကျပ် (တစ်တန်ကို ၄၇၉၅၀၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၂၀၀ ခန့်ဖြစ် ခဲ့တယ်လို့သိရပါတယ်။ မကွေးဈေးကွက်မ် ှာ ပဲစင်းငုံနီ(သစ်)ကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျလာပြီး တစ်ပိဿာကို ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ အိတ် ၆၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းးခြံေံဈေးကွကွက် မှာ ပဲစင်းငုံနီ(သစ်)ရော (ဟောင်း)ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်) တစ်ပိဿာ ၇၆၅ ကျပ် (တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်(အဟောင်း) က တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၁၅၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည် ဈေးကွက်မ် ှာတော့ ငုံနီအဝယ်ရှိသလောက် ရန်ကုန်ဝယ်လက်က အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၇၀ ကျပ်(တစ်တန်ကို ၄၇၁၅၄၀ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ငုံနီ(သစ်) ရော(ဟောင်း)ပါ အရောင်းအဝယ် ပုံမှန်ရှိခဲ့ပြီး (သစ်)ဈေးက တစ်ပိဿာ ၇၈၀ ကျပ်နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်(ဟောင်း)က တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိ ပါတယ။် မုံရွာဈေးကွက်မှာ ငုံနီ( သစ် ) တေ ွ ဈေးကွက်သို့အဝင် လှိုင်လာသလို လက်ကျန်ပဲဟောင်းများကိုလည်း ရန်ကုန်အဆွဲပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။ အသစ်က အဟောင်းနဲ့စာရင် အရည်အ သွေးပိုမိုကောင်းမွန်တာကြောင့် (အသစ်)ကိုပိုပြီး အဆွဲများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်)တစ်ပိဿာ ၇၇၀ ကျပ်(တစ်တန်ကို ၄၇၁၅၄၀ ကျပ်)နဲ့ (ဟောင်း)တစ်ပိဿာ ၇၁၀ ကျပ် (တစ်တန်ကို) ၄၃၄၇၉၆ ကျပ်)နဲ့ တစ်ရက်ကို အိတ်စုစုပေါင်း ၂၀၀၀ မှ ၃၀၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ငုံနီ(သစ်) ရော(ဟောင်း)ပါ အိတ်စပို့အဆွဲနဲ့ ဒေသခံကုန်သည်တွေ ဝယ်လိုအား ကများလာတယ်။ ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာမို့ အခုလိုအရောင်းအဝယ်ဖြစ်မှုပမာဏတွေပိုများ လာတာလို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
Background