ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ပင်းတယ၊ ရွာငံနဲ့ ရပ် စောက်မြို့နယ်များမှ ကျေးလက်နေ ပြည်သူတို့ဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်လို့ ထောပတ်သီး သီးနှံစိုက်ပျိုးခြင်းဟာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီနှစ်ထောပတ်ရာသီ အောက်တို ဘာလမှာ ဇန်နဝါရီ ၂၆ ရက်အထိ ဈေး ကွက်ရှိရာ ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပဲခူးနဲ့ မွန်ပြည်နယ် စတဲ့တိုင်းဒေသကြီးများနဲ့ ပြည်နယ်များကို ထောပတ်သီး အလုံး ပေါင်း ၆၃၉၃၀၀ ခန့် စီးဝင်ရောင်းဝယ်မှု ဖြစ်ခဲ့ပါတယ်။ စီးဝင်ဈေးကွက်ဒေသ ဟာလည်း မြန်မာနိုင်ငံရဲ့ လူဦးရေထူ ထပ်တဲ့ ဒေသများဖြစ်လို့ ရောင်းဝယ်မှုဖွံ့ ဖြိုးတဲ့ဒေသဖြစ်ပါတယ်။ ဒေသလူဦးရေနဲ့ ထောပတ်သီးရောင်းဝယ်ဖြစ်မှု ပမာဏနှိုင်းယှဉ်ပါက စားသုံးမှု အလွန် နည်းပါးကြောင်း လေ့လာသုံးသပ်လို့ရပါတယ်။ ထောပတ်သီးဟာ ကျန်းမာရေး အထောက်အကူပြု သီးနှံဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်ပေါင်း အချို့ဟာ ခံတွင်းကင်ဆာCell များကို ဖြစ်ပြီးနဲ့မဖြစ်ခင် ရှာဖွေတိုက်ဖျက်နိုင် ကြောင်း၊ Monosturtedအဆီများစွာ ပါဝင်ပြီး အခြားကင်ဆာရောဂါများ ကိုပါ ကာကွယ်နိုင်ကြောင်း အိုဟိုင်းယိုး ပြည်နယ် ကင်ဆာဌာနမှ လေ့လာသူတွေကဆိုပါတယ်။ ဒါ့အပြင် ထောပတ် သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုး ပေါင်း ၂၀ ကျော်ပါဝင်ပြီး ထောပတ် သီးစားပွဲဇွန်းနှစ်ဇွန်းမှာ ၅၀ ကယ်လိုရီနဲ့ အဆီဓာတ် ၄ ဂရမ်ပါဝင်လို့ ပေါင်မုန့် ညှပ်ပြုလုပ်ရင် ထောပတ်ချိစ် Monosturted တွေအစား ထောပတ် သီး ထည့်စားသင့်ကြောင်းInternet သတင်းတစ်ရပ်မှာ ဖော်ပြထားတာ သိရှိရပါတယ်။ ထောပတ်သီးဟာ လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်ပြီး ဈေးနှုန်းမှာ ၃၀၀-၄၀၀ကျပ်ခန့်သာရှိပါတယ်။ ယနေ့ ခေတ်မှာ လက်ဖက်ရည်တစ်ခွက် ၂၀၀- ၃၀၀ ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲ ၅၀၀ ကျပ်ရှိလို့ ထောပတ်သီးဈေးဟာမများပါ ဘူး။ ရောနှောစားသုံးတဲ့ နို့၊ နို့ဆီ၊ သကြားမှာလည်း လွယ်ကူစွာဝယ်ရလို့ ဈေးမမြင့်ပါဘူး။ လုပ်ကိုင်စားသောက် ရာမှာလွယ်ကူပြီး လက်မဝင်လို့ အချိန် မကြာမြင့်ပါဘူး။ ''အစာလည်း ဆေး၊ ဆေးလည်းအစာ'' ''ရောဂါဖြစ်မှ ကုသ မယ့်အစား ကြိုတင်ကာကွယ်ခြင်းထက် ကောင်းတဲ့ နည်းလမ်းမရှိပါ'' လို့ဆိုလာ တာကြောင့် ကင်ဆာရောဂါကာကွယ် တဲ့ထောပတ်သီးကို များများစားသုံးသင့် ကြောင်း အကြံပြုအပ်ပါတယ်။ တစ်ဖက်က ကျေးလက်နေ ပြည် သူတို့ရဲ့ တိုးချဲ့ထုတ်လုပ်ထွက်ရှိလာတဲ့ ထောပတ်သီးများကို လူအများ စားသုံး လာခြင်းနဲ့ ရောင်းအားဝယ်အား မြင့်မား လာကာ စိုက်ပျိုးထုတ်လုပ်သူတို့ ရသင့်ရထိုက်တဲ့ဈေးရလို့ ဝင်ငွေများ တိုးတက် လာသလို လူမှုဘ၀ မြင့်မားလာခြင်းနဲ့ ဆင်းရဲနွမ်းပါးမှုများ လျော့ကျလာမှာ ဖြစ်ပါတယ်။ များများစား၊ များများထုတ်လုပ်တဲ့ ဟန်ချက်ညီကုန်သွယ်မှုတစ်ရပ် ပေါ်လာပြီး၊ စားသုံးသူလည်း ကျန်းမာရေး အထောက်အကူရလို့ ထုတ်လုပ်သူ လည်းအကျိုးဖြစ်ထွန်းမှုရကာ နှစ်ဦး နှစ်ဖက်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထောပတ်သီး များများစား သုံးခြင်းနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ ကျေး လက်နေပြည်သူတို့ရဲ့ လူမှုဘဝမြင့်မား လာစေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုကြပါစို့။ ဉာဏ်လင်း
Background