Main menu

Background

နေ့ချင်းအပြီး တည်ဆောက်ရွှေ့ပြောင်းလို့ရမယ့ ် အိမ်အဆောက်အအုံ

Fri, 02/03/2012 - 09:59 -- Anonymous (not verified)

                  အဆောက်အအုံများ ဆောက်လုပ်ရာမှာ အချိန်ကြာလို့ စိတ်ညစ်ရ၊ ကုန်ကျငွေအတွက် စိတ်ညစ်ရ၊ အလုပ် အကိုင်ပြတ်ပြီး အချိန်ပေးဆောက်လုပ်ရတဲ့ အိမ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်အစား၊ ချက်ချင်းတည်ဆောက် လို့လည်းရ၊ ရွှေ့ပြောင်းလို့လည်းလွယ်ကူမယ့် အဆောက်အအုံပစ္စည်းတွေကို မကြာခင်ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချ ပေးတော့မှာဖြစ်ပါတယ်။                    အဆိုပါ အဆောက်အအုံဆောက်လုပ်မယ့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် မန္တလေးမြို့အနီးရှိ ကျောက်မီး ရွာတွင် တရုတ်နိုင်ငံမှ စက်ရုံတည်ဆောက်လျက်ရှိပါတယ်။ စက်ရုံမှာ နမူနာအဆောက်အအုံများကို တည်ဆောက် ပြသထားပါတယ်။ အဆောက်အအုံအတွက် နံရံအသုံးပြုမယ့် ပလတ်စတစ်ကော်ကပ်သံပြားကို ဘွိုင်လာဖြင့် ရေနွေးငွေ့ ပေး၍ ထုတ်လုပ်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှဝင်တဲ့ ကော်စေ့ များကို ရေနွေးငွေ့နဲ့ပေါင်းပြီး ဖော့စေ့ကြီး ဖြစ်တဲ့အထိ ပြုလုပ်ကာ ဖော့ကန်ထဲထည့်အပူပေးပြီး ဖော့တုံးများလိုချင်တဲ့ဆိုဒ်ရအောင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ဖော့တုံး များကို အပူလှိုင်းနဲ့လိုချင်တဲ့ဆိုဒ်ရအောင်ဖြတ်၍ အချပ်လိုက်ညီညီညာညာရရှိမှာဖြစ်ပါတယ်။ ၎င်းင်းဖော့များအား သံပြား လိပ်များနဲ့ Functional Sandwich Panel ဖြင့် ဖော့အပေါ်နဲ့ အောက်ကိုကော်သုတ်ကာ ကပ်သွားမှာဖြစ်ပါတယ်။  QLF MULTI- Functional Sandwich Panel ဖြင့် တောက်လျှောက်ကြိတ်သွားပြီး အပူမီးချောင်းဖြင့် အခြောက်ခံ အပူပေးပါတယ်။ အနားသတ်ကို အလိတ်၊ အကွေး၊ အလှန်ပုံစံများ လိုသလိုထုတ်လို့ရပါတယ်။ အတိုင်းအဆအားလုံးကို Digital Control ဖြင့် ဆောင်ရွက်တာတွေ့ရပါတယ်။ အဆောက်အအုံနံရံအား ဆေးသုတ်ရန်မလိုဘဲ ကိုယ်လိုချင်တဲ့ အရောင်ကိုမှာယူ၍ ရပါတယ်။                     အဆောက်အအုံနဲ့ အမိုးများကို တရုတ်နိုင်ငံမှဝင်တဲ့ သံပြားဖြင့်ထုတ်လုပ်မှာဖြစ်ပါတယ်။ အမိုးပြားကို အကွက် မျိုးစုံ၊ လိုင်းမျိုးစုံထုတ်လုပ်နိုင်ပြီး ငါးကြင်းကွက်ပုံစံမှာ အသုံးများကြောင်းသိရပါတယ်။ ခေါင်မိုးမိုးမယ့်အရှည်၊ အချပ်ရေနဲ့ ထုထည်ကို အဖြတ်အဆက်မလိုအောင် ကိုယ်လိုချင်တဲ့အမိုးအတိုင်းအတာမှာယူလို့ရပါတယ်။ အမိုးရဲ့အရောင်ကိုလည်း ဆေးသုတ်စရာမလိုဘဲ သံပြားမှာပါတဲ့အရောင်ကြိုက်ရာမှာယူနိုင်မှာဖြစ်ပါတယ်။ အမိုးခေါင်အုပ်ချုပ်တဲ့သံပြားကို ခေါင်အုပ်ချုပ်စက်နဲ့ ဒီဇိုင်းထုတ်ပြီး လိုချင်တဲ့ဆိုဒ်ဖြတ်တောက်လို့ရပါတယ်။ လိုတဲ့ဆိုဒ်ဘဲမှာယူလို့ရတဲ့အတွက် ဖြတ်ဆက် စရာမလိုဘဲ အမိုးအုပ်လို့ရပါတယ်။ အမိုးအကာအားလုံးကို Digital Control နဲ့ ဆောင်ရွက်သွားမှာဖြစ်လို့ လိုတဲ့ပုံစံ အတိုင်းအဆအတိုင်း အလွယ်တကူဆောက်လုပ်ရပါတယ်။ တိုင်မပါတဲ့အတွက် တန်ဖိုးနည်း အိမ်ရာလို့သတ်မှတ်လို့ လည်းရပါတယ်။ အဆောက်အအုံမှာ တပ်ဆင်မယ့် ပြတင်းတံခါးကို အလူမီနီယံထက် ဈေးသက်သာပြီး ပေါ့ပါးတဲ့တံခါး များထုတ်လုပ်မှာဖြစ်ပါတယ်။ အဆောက်အအုံ ဆောက်လုပ်မယ်လို့ အုတ်စီဖောင်ဒေးရှင်းခံပြီး မြောင်းလိုင်းဖော်ထားရပါ မယ်။ တမံသလင်းမြောင်းလိုင်းထဲမှာ အဆောက်အအုံနံရံပြားများကိုထည့်ပြီး မူလီနဲ့စုပ်၍ တည်ဆောက်လို့ရပါတယ်။ စက်ရုံမှတာဝန်ရှိသူတစ်ဦးက ''တရုတ်နှစ်သစ်ကူးကာလမို့ စက်မလည်သေးဘူး။ နှစ်သစ်ကူးပြီးရင် တရုတ် နိုင်ငံက အင်ဂျင်နီယာပညာရှင်တွေခေါ်ပြီး ထုတ်လုပ်သွားမယ်။ ဈေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး။ တန်ဖိုးနည်း အိမ်ရာဖြစ်မှာပါ။ ခုလောလောဆယ် ဘုန်းကြီးကျောင်းဆောက်လှူပေးထားလို့ ဘုန်းကြီးကျောင်းကြည့်ပြီး သဘောကျလို့ စက်ရုံကိုလာမေးကြတယ်။ ကော်ကိုဖော့လုပ်ပြီး သံပြားကပ်ထားတဲ့နံရံဖြစ်တဲ့အတွက် အဲယားကွန်းတပ်ဆင်လို့ကောင်း တယ်။ အသံလည်းလုံတယ်။ စက်ရုံကပစ္စည်းတွေနဲ့ အိမ်တင်မက အအေးခန်းစက်ရုံ တည်ဆောက်လို့ကောင်းတယ်။ ဖြုတ်လို့တပ်လို့ မြန်ဆန်လွယ်ကူတဲ့အတွက် ပေါ့ပေါ့ပါးပါးသယ်လို့လည်းရပြီး လိုချင်တဲ့ဆိုဒ်လည်း မှာလို့ရတဲ့အတွက် စတိတ်ရှိုးစင်ဆောက်ဖို့၊ ရှုတင်မှာသုံးဖို့လည်းအဆင်ပြေမယ်။ စတိတ်စင်တွေဆို ပေပါခံပြီးဆောက်ရတော့ အလုပ်လည်း ရှုပ်တယ်။ ဖော့ကလိုတဲ့ဆိုဒ်မှာလို့ရမယ်။ ကျစ်လျစ်အောင် ထုတ်လုပ်ထားလို့ ခိုင်ခံ့မှုလည်းရှိတယ်။ နှစ်ကူးပြီးရင် အင်ဂျင်နီယာခန့်ထားပြီး အဆောက်အအုံရဲ့ အတိုင်းအဆတိုင်းပြီး စက်ရုံမှာထုတ်လုပ်ပြီးတော့ ချက်ချင်းတည်ဆောက် ပေးမယ်။ သံဆိုတော့ဆက်ရခက်တဲ့အတွက် လိုတဲ့ဆိုဒ်အတိုင်းထုတ်လုပ်ပြီးမှ ဆောက်လုပ်ပေးသွားမယ်။ ကိုယ့်အင်ဂျင်နီ ယာနဲ့ တိုင်းတာပြီး မှာယူမယ်ဆိုလည်း ရပါတယ်''လို့ ရှင်းပြပါတယ်။ ၎င်းဖာ့ပြားသံပြားကပ် အဆောက်အအုံများမှာ မူလီစုပ်ပြီး ဖြုတ်ရတပ်ရမှာဖြစ်တဲ့အတွက် သုံးခါရွှေ့ပြောင်း လို့ရမှာဖြစ်ပါတယ်။ ယာယီအိမ်ဆောက်မယ်ဆိုလည်း လွယ်လွယ်ကူကူ ဆောက်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။ ငယ်ငယ်က အိမ်ဆောက်တာဝါသနာပါတဲ့သူတွေအတွက် ဝေဖာမုန့်လေးတွေနဲ့ အိမ်ဆောက်တမ်းကစားကြသလိုပဲ၊ ဝါသနာပါသူတွေအတွက် လက်တွေ့အိမ်ဆောက်လို့ရပါတယ်။ သံပြားအရောင်လှပပြီး ညီညီညာညာနဲ့ သပ်ရပ်ခံ့ညား တဲ့အတွက် အုတ်နဲ့ဆောက်လုပ်တဲ့ အဆောက်အအုံအတိုင်း တန်ဖိုးနည်းအိမ်ရာများကို မကြာခင် မြင်တွေ့ရပါတော့ မယ်။ ရောက်ရှိလာတော့မယ့် သြင်္ကန်ကာလမှာလည်း သစ်သားနဲ့ဆောက်လုပ်မယ့် သြင်္ကန် မဏ္ဍပ်များအစား ဖော့ သံပြားနဲ့ ပြုလုပ်ထားတဲ့ မဏ္ဍပ်များနေရာယူလာမယ်လို့ ထင်မြင်မိပါတယ်။ အဆိုပါပစ္စည်းများ ထုတ်လုပ်တဲ့စက်ရုံမှာ စက်တပ်ဆင်ပြီး နမူနာထုတ်လုပ်ဆဲဖြစ်တဲ့အတွက် ဈေးကွက်ထဲဖြန့်ချိရင် စက်ရုံလိပ်စာနဲ့ စက်ရုံအမည်၊ ပစ္စည်းဈေး နှုန်းများကို ဆက်လက်ဖော်ပြပေးမှာဖြစ်ကြောင်း တန်ဖိုးနည်းအိမ်ရာအဆောက်အအုံ ဆောက်လုပ်ချင်သူများအတွက် ကြိုတင်အသိပေးရေးသားလိုက်ပါတယ်။ ဇူးဇူး