Main menu

Background

မော်လမြိုင်မှာ မြင်တွေ့ရတော့ မယ့ ် နိုင်ငံတကာ အဆင့ ်မီ ဘောလုံးကွင်း

Fri, 02/03/2012 - 10:04 -- Anonymous (not verified)

           မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကျင်းပနေတဲ့ MNL CUP (Myanmar National Leage) ဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတဲ့ Southern Myanmar ဘောလုံးအသင်း အိမ်ကွင်းပွဲစဉ်များလက်ခံကျင်းပဖို့ ပရိသတ် တစ် သောင်းခွဲဆံ့ နိုင်ငံတကာအဆင့်မီဘောလုံးကွင်းတစ်ကွင်းကို မော်လမြိုင်မှာဆောက်လုပ်ရေးလုပ်ငန်း စတင်နေတာ အတော် လေးခရီးရောက်နေပြီလို့ သိရပါတယ်။ (၁၀)ကြိမ်မြောက် ကျောင်းသားအားကစားပွဲတော် ကျင်းပဖို့ ၁၉၉၉ ခုနှစ်က အသစ် ဆောက်လုပ်ခဲ့ပေမယ့် အားကစားပွဲတော်မကျင်းပဖြစ်ခဲ့ပဲ မသုံးတာကြာပြီဖြစ်တဲ့ ကျောင်းသားအား ကစားဘောလုံးကွင်းကြီးကို အခု Southern Myanmar ကွင်းအဖြစ် အသုံးပြုဖို့ပြုပြင်နေတာ ဖြစ်ပါတယ်။ အမြန်ပြီးစီးနိုင်ဖို့ ဆောက်လုပ်ရေးအဖွဲ့လေးဖွဲ့ကို အင်ဂျင်နီယာများရဲ့ ကြီးကြပ်မှုနဲ့လုပ်ငန်းများ နေ့စဉ်မပြတ်လည်ပတ်နေ ပြီး၊ တည်ဆောက်ရေးမှာ အသုံးပြုနေတဲ့ပစ္စည်းတွေကလည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေသုံးပြီး၊ တည်ဆောက်နေ တာလို့သိရပါတယ်။ ယခင်ရှိပြီးသား မသုံးတာကြာလို့ ပျက်စီးစပြုနေတဲ့ ပွဲကြည့်စင်တွေကိုဖျက်ပြီး ပွဲကြည့်စင်အသစ် ဆောက်လုပ်ခြင်းလည်းပါဝင်ပါတယ်။ ကွင်းပုံစံကတော့ လေးဘက်လေးတန်မှာ ပွဲကြည့်စင်ပါရှိမှာဖြစ်ပြီး၊ အထူးတန်းပွဲကြည့်စင် ကတော့ အမိုးပါမှာဖြစ်ပါတယ်။ ကစားကွင်းကိုတော့ သုဝဏ္ဏကွင်းမြေလှန်ပြုပြင်တဲ့ စနစ်အတိုင်းလုပ်မှာဖြစ်ပြီး၊ ဂျပန်မြက်ခင်း မယ် လို့လည်း သိရပါတယ်။ ဒီလိုနိုင်ငံတကာ ကွင်းတည်ဆောက်ပြီးရင် မော်လမြိုင်မှာ ပထမဆုံးခေတ်မီ ကွင်းတစ်ကွင်း ရှိလာမယ်။ အဆင့်မြင့်ဘောလုံးပွဲလည်း ကျင်းပလာမယ်။ နည်းစနစ်သင်ပြပေးမယ့် ဆရာတွေလည်း ရှိလာတော့မှာဖြစ်လို့ မွန်ပြည်နယ် အတွက် အားတက်စရာလို့ ဆိုရမှာဖြစ်ကြောင်းပါ။ စိုးမြင့်