Main menu

Background

တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တဲ့ ရေထွက်ကုန်

Fri, 02/03/2012 - 10:12 -- Anonymous (not verified)

                  ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၂၆၈ တန်ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ။် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ၂၇၅ တန်နီးပါး၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ၇၄ တန် ကျော်၊ ကော့သောင်းနယ်စပ်မှ တန် ၅၁၀ ကျော်၊ မြိတ်နယ် စပ်မှ ၂၃၂၈ တန်ကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ၆ တန်နဲ့ မောင်တောနယ်စပ်မှ ၇၄ တန် ကျော် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့တဲ့ အမယ်တွေကတော့ မူဆယ်မှ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံ ကဏန်း ၊ မြဝတီမှ ကဏန်း ၊ ငါးမျိုးစုံနဲ့ပုစွန်၊ ကော့ေ့သောင်းမှ ငါးမျိုးစုံ၊ ပုစွန်နဲ့ ငါးဆားနယ်၊ ကင်းမွန်၊ ကဏန်း၊ စစ်တွေမှ ငါးကုန်းညိုခြောက်၊ မောင်တောမှ ရေချိုပုစွန်၊ ငါးစုံလေး တန် ၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တဲ့ ရေထွက်ကုန် ခြောက်၊ ငါးနီတူခြောက်နဲ့ ငါးကုန်းညိုခြောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)