Main menu

Background

ထိုင်းရော်ဘာဈေးနှုန်းများ တစ်ပတ်အတွင်း တစ်တန်လျှင် ဒေါ်လာ ၄၀၀ ဝန်းကျင် မြင့်မားလာ

Sat, 02/04/2012 - 05:21 -- Anonymous (not verified)

        ဇန်နဝါရီလအတွင်း အာရှရော်ဘာဈေးနှုန်းများ တဖြည်းဖြည်း ဦးမော့လာခဲ့ရာ ဇန်နဝါရီ ၂၄ ရက်မှာ ထိုင်းရော်ဘာ RSS-1(မှိုင်းခံရော်ဘာအဆင့်-၁)ဈေးနှုန်းက တစ်တန်ကို ၃၉၁၇ ဒေါ်လာအထိ မြင့်မားသွားတယ်။ ထိုင်းရော်ဘာRSS-5 (မှိုင်းခံရော်ဘာအဆင့်-၅)ကလည်း တစ်တန်ကို ၃၈၅၆ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိလာခဲ့ရာ ယခင်အပတ် ဈေးနှုန်းထက် တစ်တန်ကို ၄၀၁ ဒေါ်လာ ဈေးမြင့်လာတယ်။           အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ဦးရေက ၄ နှစ်တွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိသွားခြင်း ၊ ပြင်သစ်နဲ့ စပိန်တို့မှာ ငွေ ချေးယူ စရိတ်တွေလျော့ကျသွားရာ အီးယူဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းသိမ်းနိုင်မယ်လို့ အကောင်းမြင်လာကြ ခြင်းတို့ကြောင့် စွန့်စားရောင်းဝယ်ရတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်လိုအားတိုးလာစေမယ်လို့ ခန့်မှန်းကြတယ်။ ကမ္ဘာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံကလည်း ရော်ဘာဈေးနှုန်း အထောက်အပံ့ ဖြစ်ရေးအတွက် ဈေးကွက်ပေါက်ဈေး ထက် ပိုမိုတဲ့နှုန်း (တစ်ကီလိုကို ၁၂၀ ဘတ်) ပေးပြီး ရော်ဘာ ဝယ်ယူသိုလှောင်ထားမယ့် အစီအစဉ်ကလည်း ရော်ဘာဈေးနှုန်းကို မြှင့်တင်ပေးခဲ့တယ်။ ဒါ့အပြင် ရော်ဘာဝယ်ယူမှုအများဆုံး တရုတ်နိုင်ငံကလည်း ပထမ ၃ လအတွင်း ပြည်သူကို ငွေထုတ် ချေးပေးမှုကို ယခင်နှစ်ကထက် ပိုမိုထုတ်ချေးသွားမယ့် သတင်းကလည်း ရော်ဘာဝယ်လိုအား အတွက် သတင်း ကောင်းကို ဖြစ်စေရာ ရော်ဘာဈေးနှုန်းတွေ မြင့်မားစေတယ်လို့ သိရတယ်။ ပပ Source:Bloomberg.com