Main menu

Background

မန်းအဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင် ဆောက်လုပ်မှုမှာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး မတ်လကုန်ပိုင်းတွင် ဖွင့်လှစ်ရန် လျာထား

Sat, 02/04/2012 - 05:23 -- Anonymous (not verified)

                 မန္တလေးမြို့ ၆၃ လမ်းနဲ့ ၆၆ လမ်းကြား၊ ထုံးဘိုဖြတ်လမ်းနဲ့ ကနောင်မင်း သားကြီးလမ်းကြား စွယ်တော်မြတ်စေတီအနီးတွင်ဆောက်လုပ်လျက်ရှိသော အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များတည်ဆောက်ရေး စီမံကိန်းမှာ ၉၀ ရာခိုင်နှုန်းကျော်ဆောက်လုပ်ပြီးစီး၍ ယခုနှစ် မတ်လကုန်ပိုင်းတွင်ဖွင့်လှစ်ရန် လျာထား ကြောင်း သိရပါတယ်။                   အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များ တည်ဆောက်ခြင်းကို ၂၀၁၀ ခုနှစ် နှစ်လယ်မှစ၍ စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ စက်ပစ္စည်း အရောင်းဆိုင်များ၊ ကားဂိတ်များနဲ့ ပွဲရုံတန်းများ ဆောက်လုပ်ပြီးစီးလုနီးပါးရှိပြီး ရေပေးဝေခြင်း၊ ဂိုဒေါင်များနဲ့ ဟိုတယ်များပြီးစီးရန် ကျန်ရှိနေသေးကြောင်း သိရပါတယ်။                    ကျော်သာဆောက်လုပ်ရေးမှ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းအောင်က "မတ် လကုန်ပိုင်းမှာ ဖွင့်နိုင်မယ်လို့တော့ လျာထားတယ်။ အရင်ဆုံး ကားဂိတ်တွေ ရွှေ့လို့တော့ရမယ်။ ရေစင်မပြီးသေးဘူး။ ပိုက်သွယ်တာတွေလုပ်ရဦးမယ်။ ဆိုင်ခန်း ရောင်းချမှုကတော့ စည်ပင်သာယာကဆောင်ရွက်တာ။ ဆောက်လုပ်မှုပိုင်းက ကုမ္ပဏီ ၁၀ ခုက အပိုင်းလိုက်တာဝန်ယူဆောင်ရွက်တာ။ ကျော်သာဆောက်လုပ် ရေး၊Superland Construction ၊ မင်းကျော်ဘုန်းပိုင်၊Wind Oversea၊ သာလွန်၊ ငွေကံဆင့်၊Dynamic ၊ AIB ၊သန်ခွန်ဆောက်လုပ်ရေးတို့က ဆောက်လုပ်နေပါ တယ်"လို့ ပြောပါတယ်။                       စီမံကိန်းအကောင်အထည်ဖော်ရာမှာ မြို့အင်္ဂါရပ်နဲ့အညီ ကုန်သွယ်မှုပြုတဲ့ နေရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် မြေဧက ၆၂ ဒသမ ၀၈ ဧက အကျယ် အဝန်းတွင် တည်ဆောက်လျက်ရှိပြီး၊ မြေသားလမ်းနဲ့ ကွန်ကရစ် လမ်းခင်းခြင်းများ ပြီးစီးပြီဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်းတွင် ကားရပ်နားရန်ဧရိယာ ၂ ဒသမ ၂၉ ဧက၊ ကွန်တိန်နာကွင်း ဧရိယာ ၄ ဒသမ ၆၃၃ ဧက၊ ကွပ်ကဲရေးဇုန်ဧရိယာ ၄ ဒသမ ၇၂ ဧက၊ ပွဲရုံနဲ့ ကုန်စည်ဒိုင်များဇုန် ဧရိယာ ၁၃ ဒသမ ၁၁ ဧက၊ သိုလှောင်ရုံများဇုန် ဧရိယာ ၃ဒသမ ၅၉ ဧက၊ အထောက်အကူပြုလုပ်ငန်းများဇုန် ဧရိယာ ၇ ဒသမ ၄၁ ဧက၊ ဝန်ဆောင်မှုလုပ်ငန်းများဇုန် ဧရိယာ ၃ ဒသမ ၅၆ ဧက၊ အကောက်ခွန်နဲ့ စစ်ဆေးရေးဇုန်ဧရိယာ ၃ ဒသမ ၂၁ ဧကနဲ့ တည်ဆောက် ရေးလုပ်ငန်းများဇုန် ကိုးခုပါရှိကြောင်း သိရပါတယ်။ စီမံကိန်းဧရိယာအတွင်း ပေ ၁၀၀ နဲ့ ပေ ၈၀ အကျယ်ရှိလမ်းများအပါအဝင် ဂိတ်ကြီး ခြောက်ခု၊ ဂိတ်ငယ် တစ် ခ၊ု ယာဉ်စစ်ဆေးရုံနှစ်ခု၊ X-Ray တစ်ခ၊ု ပေ ၈၀ _ ပေ ၂၀၀ အကျယ်ရှိ ဂိုဒေါင် ငါးလုံးနဲ့ အကောက်ခွန်လုပ်ငန်းဆိုင်ရာရုံးများ၊ ဟိုတယ်၊ မိုတယ်နဲ့ မီးသတ်စခန်း များပါဝင်ပြီး၊ ယာဉ်ရပ်နားရန်နေရာမှာ ကုန်တင်ယာဉ် ၁၁၉ စီး တစ်ပြိုင်တည်းရပ် နားရန်နဲ့ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ကုန်တင်ယာဉ်ရပ်နားကွင်းနဲ့ ခရီးသည်များရပ်နားတဲ့ ကား ကြီးကွင်း လေးခုရှိရာ ကျွဲဆည်ကန်ကားကြီးကွင်း၊ သီရိမန္တလာကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင် ကားကြီးကွင်းနဲ့ ဒေါနဘွားကားကြီးကွင်းတို့မှာ ကုန်တင်ကုန်ချနဲ့ ခရီးသည်များ စီးနင်းလိုက်ပါလျက်ရှိပါတယ်။ ယခုဆောက်လုပ်လျက်ရှိတဲ့ အဝေး ပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များစီမံကိန်းမှာ မန္တလေးမြို့မှာ အကြီး ဆုံးစီမံကိန်းဖြစ်ပြီး၊ မြို့ပြအင်္ဂါရပ်များနဲ့အညီ ဆောက်လုပ်ထားကာ ကုန်သွယ်မှုပြု ရာမှာ အဆင်ပြေမှာဖြစ်ကြောင်း မန္တလေးမြို့တောင်ဘက် မြို့စွန်တွင်ရှိခြင်းကြောင့် ကားသွားလာမှုအတွက် အဆင်ပြေချောမွေ့နိုင်ကြောင်း သိရပါတယ်။ ဇူးဇူး