Main menu

Background

အိမ်ခြံမြေနှင့် ပတ်သက်၍ တိကျသည့် ဥပဒေပြဋ္ဌာန်းချက်များ ရှိသင့်သည်ဟုဆို

Sat, 02/04/2012 - 05:25 -- Anonymous (not verified)

                   အိမ်ခြံမြေဈေးများကမောက်ကမဖြစ်မှုကြောင့် အိမ်ခြံမြေနှင့်ပတ်သက် သည့်ဥပဒေပြဋ္ဌာန်းချက်များ တိတိကျ ကျထုတ်ပြန်သင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။ အိမ်ခြံမြေ ရောင်းဝယ်မှုများတွင် တိကျသည့်ပြဋ္ဌာန်းချက်မရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ မရရှိသည့်အတွက် နစ် နာမှုများရှိနေကြောင်း သိရသည်။ ၂၀၁၁ခုနှစ် အကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းကာလများတွင် အိမ်ခြံ မြေဈေးများသည် ထင်မှတ်မထားသည့် တန်ဖိုးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သည်ကို တွေ့ရှိရသည်။ သတင်းကိုလိုက်၍ ဈေးကို ကြိုက်သလိုသတ်မှတ်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြသည့်အပြင် လက်လွှဲရောင်းချနေခြင်း၊ ဝယ်ယူပြီး သည့်မြေကွက်များကိုလည်း အခွန် ဆောင်ရမည်စိုးသဖြင့် အမည်ပြောင်း မလျှောက်ခြင်းစသည့်အချက်များ ကြောင့်လည်း နိုင်ငံတော်မှ ရသင့်သည့် အခွန်များမရရှိခဲ့ကြောင်း သိရသည်။               ထို့ပြင် မြေအရောင်းအဝယ်လုပ် သူများ ဈေးကစားသူများသည် ဘဏ် တွင် ပေါင်နှံခြင်းဖြင့် အရင်းအနှီးမလို ဘဲ အိမ်ခြံမြေဈေးကွက်တွင်ဈေးကစား ခဲ့မှုများကြောင့်လည်း ယခုကဲ့သို့ ဈေး တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်း ကျင်သူတစ်ဦးက သုံးသပ်ပြခဲ့သည်။ ''အခုဆိုရင် အိမ်ခြံမြေအရောင်း အဝယ်တွေသာဖြစ်နေတာ။ နိုင်ငံတော် က ထိရောက်တဲ့အခွန်ကောက်ခံမှုမရှိ ဘူး။ နောက်ပြီး ဒီမြေကိုဝယ်ပြီးရင် ဘယ်နှနှစ်နေပြီးမှ ပြန်ရောင်းရမယ်ဆို တဲ့ ပြဋ္ဌာန်းချက်မျိုး သတ်မှတ်ထားတာ မရှိတဲ့အတွက် ဝယ်လိုက်ရောင်းလိုက် တွေ များလာတာပဲ။ ဒါကြောင့်မြေ အရောင်းအဝယ်လုပ်တိုင်းအခွန်ကောက် နိုင်ရမယ်။ ကြိုက်ရောင်းကြိုက်ဝယ်လုပ် ပြီး နာမည်မပြောင်းတော့ နိုင်ငံတော်မှာ အခွန်နစ်နာမှုရှိတယ်။''                ''နောက်ပြီး မြေအရောင်းအဝယ် လုပ်တိုင်း အသိဆုံးက ရပ်ကွက်က အုပ် ချုပ်ရေးမှူးတွေပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေအရောင်းအဝယ်တွေကိုသိတာနဲ့ သတင်းပို့တာမျိုး လုပ်နိုင်ရမယ်။ဒီလိုမျိုးဖြစ်လာရင် တိုင်းပြည်က ရသင့် တဲ့အခွန်မရတဲ့အတွက် တိုင်းပြည်စီးပွား ရေးကို ထိခိုက်လာနိုင်တယ်''ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက သုံး သပ်ပြခဲ့သည်။                          မြေဈေးနှုန်းများမြင့်တက်လာခြင်း ကြောင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်ရန်ခက်ခဲနိုင်ကြောင်း ပညာရှင်များက သုံးသပ်လျက်ရှိကြသည်။ပြည်ပ မှ ရင်းနှီးမြှုပ်နှံသူများသည် အလုပ်သ မားစရိတ်သက်သာခြင်း၊ မြေလွတ်မြေ ရိုင်းများပေါများခြင်း စသည့်အချက်များ ပေါ်မူတည်၍ ရင်းနှီးမြှုပ်နှံရန်စဉ်းစား ကြသည့် အတွက် မြန်မာနိုင်ငံတစ်ဝန်း မြေဈေးနှုန်းများ မြင့်တက်နေမှုသည် ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း စီးပွားရေးပညာရှင် များက သုံးသပ်လျက်ရှိကြသည်။ မယ်သီတာ