Main menu

Background

အိန္ဒိယရဲ့ အိုင်တီလုပ်ငန်းများထွန်းကားလာ

Sat, 02/04/2012 - 05:33 -- Anonymous (not verified)

               ဥရောပမှာ ပြင်းထန်တဲ့ စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်နေပေမဲ့ အိန္ဒိယ အိုင်တီကုမ္ပဏီများအတွက် စီးပွားရေးနယ်ပယ်ချဲ့ထွင်ရန် အဟန့် အတားဖြစ်မဲ့ အလားအလာမရှိဘူးလို့ ဆိုပါတယ်။ ဥရောပဒေသက ဖေါက် သည်တွေ တိုးတက်ရရှိနေတယ်လို့ အိန္ဒိယက အိုင်တီကုမ္ပဏီကြီးများက အစီရင်ခံပါတယ်။                  အိန္ဒိယနိုင်ငံ အိုင်တီ လုပ်ငန်း ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင် နှုန်းသာ ဥရောပဒေသက ရရှိပါတယ်။ ဒါပေမဲ့ ကျွေးမြီးအကျပ်အတည်းက အိန္ဒိယ အိုင်တီလုပ်ငန်းများအတွက် အခွင့်အလမ်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဥရောပလုပ်ငန်းတွေက ကုန်ကျစရိတ် ကို လျှော့ချလိုတဲ့အတွက် အိန္ဒိယရဲ့ ပင်လယ်ရပ်ခြားစီးပွားရေးလုပ်ငန်းတွေ ကို ဆောင်ရွက်ရာမှာ ခက်ခဲကျပ်တည်း မှုက မောင်းနှင်အားဖြစ်စေခဲ့ပါတယ်။ ဈေးကွက်ကို ဦးဆောင်နေတဲ့ တာတာ အတိုင်ပင်ခံ လုပ်ငန်းက ဥရောပ မှ ကန်ထရိုက်လေးခုရထားပါတယ်။အိန္ဒိယရဲ့ နံပတ် ၂ ဆော့ဝဲပို့ကုန် လုပ်ငန်းဖြစ်တဲ့ အင်ဖိုစစ်က ဥရောပမှ ဖေါက်သည်သစ် ၁၄ ခု ရရှိထားပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိတဲ့ ဖေါက်သည်ကနှစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက လုပ်ငန်းကို သတိရှိရှိဆောင်ရွက်နေရပြီး''အဆမတန် ကြီးထွား''တဲ့ အခြေအနေကုန်ဆုံးသွားမဲ့ နေ့တွေ ရောက်ရှိလာနိုင်တယ်လို့ ပြော ကြပါတယ်။                   အခြေအနေက အခွင့်မသာတဲ့ အခြေအနေဖြစ်ပေမဲ့ လာမဲ့သုံးလပတ် အတွင်းမှာ အိန္ဒိယအိုင်တီကုမ္ပဏီ တွေလျင်မြန်စွာကြီးထွားလာလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။Source: CNA