Main menu

Background

စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုအတွက် ပင်လယ်ရပ်ခြား ဗီယက်နမ်လူမျိုးတို့က အထောက်အကူပေး

Sat, 02/04/2012 - 05:35 -- Anonymous (not verified)

     ပင်လယ်ရပ်ခြား ဗီယက်နမ် လူ့ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြည်ပ ရောက်ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင် များက သူတို့ကို လက်ခံထားတဲ့ နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံအတွက် လက်တွေ့ ကျ ကျ အထောက်အကူ ပေးလျက်ရှိပါ တယ်။                           ပဏာမထုတ်ပြန်ထားတဲ့ စာရင်း ဇယားတွေအရ ပင်လယ်ရပ်ခြားရောက် ဗီယက်နမ်လူမျိုးတွေက ဗီယက်နမ် မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းနဲ့ စီးပွား ရေးလုပ်ငန်း ၃၅၀၀ ခန့်ရှိပါတယ်။တန် ဖိုးအားဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံရှိပါတယ်။                     ယခုလို တိုးတက်လာရတာက နိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းနဲ့ ဆောင်ရွက်မှုအားလုံးမှာ ပင်လယ်ရပ် ခြားရောက် ဗီယက်နမ်လူမျိုးတို့ရဲ့ ပါဝင်ဆောင်ရွက်မှုကို လွယ်ကူချောမွေ့ စေဖို့ အတွက် မူဝါဒနဲ့ အစီအမံတွေကို အထူးတလည်စီမံဆောင်ရွက် ထားတာကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ပါတယ်။                         ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ဆွဲဆောင်မှုတွေအပြင် ဥပဒေ တွေလို အခွင့်အလမ်းသာတဲ့ မူဝါဒတွေကြောင့် သူတို့တွေအကျိုးအမြတ် ဖြစ်ထွန်းပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှု အတွက် ပိုမိုအထောက်အကူပြု နိုင်တဲ့ အတွက် ဖြစ်ပါတယ်။                            ''ဒီနှစ်ထဲမှာ ပင်လယ်ရပ်ခြားက နေ ဗီယက်နမ်ကို ငွေလွှဲပို့ပေးတာ ဒေါ်လာ ၉ဘီလီယံရှိပါတယ်။ ဒီလို ရရှိတာကလည်း ကြီးမားတဲ့ အရင်းအမြစ် တစ်ခုဖြစ်ပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးဖို့ အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေခံ တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်း တွေအတွက် လိုအပ်တဲ့ အရင်းအနှီးကို တိုးတက် စေပါတယ်''လို့ စီးပွားရေး ပညာရှင်ကာအိုဆိုင်ကီယင်က ပြောပါတယ်။                     စီးပွားရေးလုပ်ငန်းတွေက ကုန် သွယ်ရေး၊ ဆောက်လုပ်ရေး၊အိမ်ခြံမြေ နဲ့ ပို့ကုန်ထုတ်လုပ်ရေးဆိုတဲ့ လုပ်ငန်း နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး နိုင်ငံတော်ဘတ်ဂျက်ကို အထောက် အကူ ပေးပါတယ်။ Source: vietnam net Bridge