ကာလတိုအတိုးနှုန်းတွေကို အမေရိ ကန်ပြည်ထောင်စုမှာ ၂၀၁၄ ခုနှစ်ထိ သုညရာခိုင်နှုန်းနီးပါး ဆက်ထားမဲ့ အပြင် ဘွန်းစာချုပ်တွေကို ဝယ်ယူတာ ကတစ်ဆင့် လှည့်ပတ်ငွေကြေးတိုးပွား အောင် ထပ်မံဆောင်ရွက်ဖို့ စဉ်းစားနေ သေးတယ်လို့ အမေရိကန်ဗဟိုဘဏ် ဥက္ကဌအင်ဘာနန်ကီပြောကြားပြီးနောက် ပိုင်း အာရှဒေသတွင်းကို မတည်ငွေရင်း တွေ လှိမ့်ဝင်လာခဲ့ပါတယ်။ ဒါကြောင့် ပြည်ပကနေ ရန်ပုံငွေတွေ လှိုင်းလုံး သဖွယ်စီးဝင်လာတဲ့အတွက် အာရှငွေကြေးတွေရဲ့ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ အာရှဒေသမှ ရန်ပုံငွေတွေ စီးဝင်စီး ထွက်တဲ့ ပုံစံက မကြာသေးမီနှစ်များအတွင်းက မတည်မငြိမ်ကသောင်း ကနင်းဖြစ်ခဲ့ပါတယ်။ အိန္ဒိယ ဂရိနိုင်ငံက သူ့ရဲ့ကြွေးမြီးတွေကို ပြန်လည်ပြင်ဆင်တွက်ချက်ဖို့ ကြိုးစားမှု က အောင်မြင်မှုရလိမ့်မယ်။ ဒီလိုရလာ ရင် စွန့်စားမှုပိုများတဲ့ အက်ဆက်တွေရဲ့ ဝယ်လိုအားကို မြှင့်တင်ပေးလိမ့်မယ်လို့ တွက်ဆကြတဲ့အတွက် ဇန်နဝါရီ ၂၇ ရက် မနက်စောစောပိုင်း ဈေးကွက်မှာ ရူပီးတန်ဖိုးခိုင်မာလာခဲ့ပါတယ်။ ဇန်နဝါရီ ၂၇ ရက် မနက် ၉ နာရီ ၂ မိနစ်က တစ်ဒေါ်လာကို ၄၉ ဒသမ ၇၂ ရူပီးနှုန်းရှိခဲ့တဲ့အတွက် ဇန်နဝါရီ ၂၅ ရက်က ရှိခဲ့တဲ့ ၅၀ ဒသမ ၀၉ ရူပီးနှုန်း ထက် ရူပီးနှုန်းပိုမိုခိုင်မာလာပါတယ်။ ငွေကြေးဈေးကွက်တွေက ဇန်နဝါရီ ၂၆ ရက်မှာ ဈေးပိတ်ရက်ဖြစ်ပါတယ်။ ဂျပန်ယန်း အမေရိကန်ပြည်ထောင်စုမှာ အောက်တိုဘာ-ဒီဇင်ဘာ စုစုပေါင်း ပြည်တွင်းထုတ်ကုန်စာရင်းဇယားတွေ မထုတ်ပြန်မီမှာ ရောင်းရေးဝယ်တာ အတွက် ဆွဲဆောင်မှုနည်းနေတာ ကြောင့် အမေရိကန်ဒေါ်လာရဲ့ တန်ဖိုး ကလည်း တစ်ဒေါ်လာကို ၇၇ ယန်းခွဲ ဝန်းကျင်မှာ ရှိနေပါတယ်။ ယူရိုငွေကြေး ကလည်း တိုကျိုမှာ ယန်းနဲ့ဒေါ်လာတို့နဲ့ ဖလှယ်ရာမှာ ခပ်ပါးပါးသာ အတက်အကျရှိပါတယ်။ ဒေါ်လာယန်းဖလှယ် နှုန်းက ဇန်နဝါရီ ၂၆ ရက် ညနေ ၁ နာရီက နယူးယောက်မှာ ၇၇ ဒသမ၄၁ ယန်းနဲ့ တိုကျိုမှာ ၇၇ ဒသမ ၆၃ ယန်းရှိခဲ့ရာမှ ယနေ့ (ဇန်နဝါရီ ၂၇ ရက်) နေ့လည်မှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၃၉ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုငွေကြေးတန်ဖိုးက ဇန်နဝါရီ ၂၆ ရက်နေ့လည်က နယူးယောက်မှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၄၁ ယန်းနဲ့ တိုကျိုမှာ ၁၀၁ ဒသမ ၅၉ ယန်းရှိခဲ့ရာ မှ ၁၀၁ ဒသမ ၄၃ ယန်းကို ပြောင်းလဲ သွားခဲ့ပါတယ်။ မလေးရှားရင်းဂစ် အမေရိကန်ဗဟိုဘဏ်မှ ဝေဖန် ပြောကြားချက်ကြောင့် ပင်လယ်ရပ်ခြား မှာ ငွေကြေးများ မလေးရှားနိုင်ငံ အတွင်းသို့ လှိမ့်ဝင်လာခဲ့တဲ့အတွက် ရင်းဂစ်တန်ဖိုးက ၁ ဒသမ ၂ ရာခိုင်နှုန်း အထိ ပြန်တက်ခဲ့ပါတယ်။ တစ် ဒေါ်လာကို ၃ ဒသမ ၀၄၅ ရင်းဂစ်နှုန်း နဲ့ ရင်းဂစ်တန်ဖိုးက ၂၀၁၁ ခုနှစ် စက်တင်ဘာလလယ်က အဆင့်ကိုပြန် လည်ရောက်ရှိခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုး က ဒီဇင်ဘာအတွင်းက ၄ ရာခိုင်နှုန်း ထိ မြင့်တက်ခဲ့ပါတယ်။ ၂၆ ရက်နေ့က ရင်းဂစ်တန်ဖိုးတက် ခဲ့တာဟာ တခြားသောကိစ္စတွေထက် ဘာနန်ကီရဲ့ ဝေဖန်ချက်ကြောင့် ပိုဖြစ် နိုင်တယ်လို့MIDFသုတေသနအဖွဲ့မှ စီးပွားရေးပညာရှင် အန်ထိုနီဒပ်ကပြော ပါတယ်။ လွန်ခဲ့တဲ့ညက ဘာနန်ကီပြော ခဲ့တဲ့စကားက အချိန်တိုရင်းနှီးမြှုပ်နှံသူ တွေက ဒေါ်လာကို စွန့်လွှတ်ပြီး အမြတ်များတဲ့ အာရှငွေကြေးတွေ ပြောင်းကိုင်လာစေခဲ့ပါတယ်။ တောင်ကိုရီးယားဝမ် တောင်ကိုရီးယားဝမ်ရဲ့တန်ဖိုးက ခြောက်ရက်ကြာဆက်တိုက်မြင့်တက် နေရာမှ ဇန်နဝါရီလ ၂၇ ရက်ညနေပိုင်း က ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဂရိ ကြွေးမြီးဆွေးနွေးမှုနဲ့ပတ်သက်တဲ့ မရေ ရာမသေချာမှုတွေက စွန့်စားမှုကိုကြိုက် နှစ်သက်သူတွေကို အထိနာစေခဲ့ပါတယ်။ ဒါကြောင့် အာရှကုန်သွယ်မှုမှာ ဒေါ်လာကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။ ဝမ်တန်ဖိုးက ယနေ့ကျဆင်းပေမဲ့ ယခုသီတင်းပတ်အတွင်းမှာ ၁ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ လာမဲ့သီတင်း ပတ်မှာ တစ်ဒေါ်လာကို ၁၁၁၅ ဝမ်နဲ့ လာမဲ့သီတင်းပတ်မှာ ၁၁၄၀ ဝမ်နှုန်းထိ မြင့်တက်ခဲ့ပါတယ်။ ထိုင်းဘတ် အမေရိကန်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ထိ အတိုးနှုန်း ကို နှိမ့်ချပေးမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်ပြီး ဒီကြေညာချက်ကြောင့် အမြတ်များများရတဲ့ အက်ဆက်တွေ ဘက်ကို ရင်းနှီးမြှုပ်နှံသူတွေကို ဦးတည် သွားစေပါတယ်။ ဒါကြောင့် ထိုင်းဘတ် ငွေတန်ဖိုးက သီတင်းပတ်ရှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ပါ တယ်။ ဘတ်ငွေတန်ဖိုးက ဗန်ကောက်မြို့ မှာ ဇန်နဝါရီ ၂၅ ရက်မနက် ၃ နာရီ ၈ မိနစ်က တစ်ဒေါ်လာကို ၃၁ ဒသမ ၃၆ ဘတ်နှုန်းရှိခဲ့တဲ့အတွက် နေ့အလိုက် တိုးတက်နှုန်း သုည ဒသမ ၈ ရာခိုင် နှုန်းမြင့်တက်ပြီး ဒီဇင်ဘာ ၁ ရက် နောက်ပိုင်းအများဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီ ၂၇ ရက်မှာ ဒေါ်လာငွေကြေးရဲ့တန်ဖိုး တခြားအာရှ ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ပြန်ခိုင်မာ လာပါတယ်။ ဒေါ်လာဘတ်ဖလှယ်နှုန်းက ဇန်နဝါရီ ၂၆ ရက်က တစ်ဒေါ်လာကို ၃၁ ဒသမ ၂၃ ဘတ်နှုန်းရှိခဲ့ရာမှ ၂၇ ရက်မှာ တစ်ဒေါ်လာကို ၃၁ ဒသမ ၂၉ ဘတ်ထိ ရောက်ရှိခဲ့ပါတယ်။ Source:Mainichi Japan, rttnews. com, the sundaily.my,bloomberg, dowjones.,
Background