အဖျက်စွမ်းအားများခဲ့သော ဆူနာမီကြောင့် ဖြစ်ပွားရတဲ့ စွမ်းအားပြတ်တောက်မှုကြောင့် တန်ဖိုးကြီး မားတဲ့ စွမ်းအင်ကို ပြည်ပမှတင်သွင်းရတဲ့အပြင် ယန်းငွေကြေးတန်ဖိုးမြင့်တက်မှု ကြောင့် ဖြစ်ပေါ်လာမဲ့ ထိခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြည်ပ ရွှေ့ပြောင်း ဆောင် ရွက်တဲ့အတွက်ဂျပန်နိုင်ငံမှ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်အလိုက် ကုန်သွယ်မှု လိုငွေပြခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ကုန်သွယ်မှုလိုငွေ ယန်း ၂ ဒသမ ၄၉ ထရီလီယံ (ဒေါ်လာ ၃၂ ဘီလီယံ)ရှိခဲ့တဲ့အတွက် တန်ဖိုး အားဖြင့် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး ယန်း ၆၅ ဒသမ ၅၅ ထရီလီယံ(ဒေါ်လာ ၈၄၃ ဘီလီယံ)ထိ ရောက်ရှိ ခဲ့ပါတယ်။ဒီဇင်ဘာကုန်သွယ်မှုရှင်းတမ်းမှာ လိုငွေယန်း ၂၀၅ ဒသမ ၁ ဘီလီယံရှိခဲ့တယ်လို့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်း ဇယားများမှာ ပြထားတာကို ဇန်နဝါရီ ၂၅ ရက်ကတွေ့ခဲ့ရပါတယ်။ ''ဒီအချက်က ဂျပန်နိုင်ငံရဲ့ စီးပွားရေး အထူးသဖြင့် ကုန်ထုတ်လုပ်သူများ အကြားမှာ အခြေခံကျတဲ့ ပြောင်းလဲမှု တွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ထင်ဟပ်ပြသနေပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းမှာ ထုတ်လုပ်မယ် ဆိုရင် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကျဆင်း နေပြီဖြစ်ပါတယ်လို့''ဂျပန်သုတေသနသိပ္ပံမှ အကြီးတန်းစီးပွားရေးပညာရှင် ဟိဒဲကိမာဆုမူရာကပြောပါတယ်။ ကုန်ထုတ်လုပ်သူတွေမှာ ကုန်ပစ္စည်းတင်ပို့ဖို့ အခက်အခဲ တွေ့နေရတဲ့ အတွက်ပြည်ပမှာ ရောင်းချဖို့အတွက် ကုန်ပစ္စည်း တွေကိုပြည်ပမှာထုတ်လုပ်နိုင်ဖို့အတွက် ရွှေ့ပြောင်း ထုတ်လုပ် ခဲ့ရတယ်လို့ သူကပြောပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာမှာ ယန်းငွေတန်ဖိုး တစ်ဟုန်ထိုးမြင့် တက်နေတာက ဂျပန်ပို့ကုန်တွေရဲ့တန်ဖိုးကို မြင့်တက်စေတဲ့ အပြင် နိုင်ငံတွင်းကိုငွေပြန်ပို့တဲ့အခါ ဝင်ငွေရဲ့ တန်ဖိုးကို ကျဆင်းစေခဲ့ပါတယ်။ ငွေကြေး အခြေအနေတွေကြောင့် နီဆန်မော်တာကုမ္ပဏီနဲ့ ပင်နာဆိုးနစ် ကော်ပိုရေးရှင်းတို့က သူတို့ရဲ့ထုတ်လုပ်မှုအချို့ကို ပြည်ပမှာ ပြောင်းရွှေ့ထုတ်လုပ် ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာ ဂျပန်နိုင်ငံက လုပ်အားခ ပိုမိုသက်သာတဲ့ တောင်ကိုရီးယား၊တရုတ်(တိုင်ပေ)နဲ့ စင်ကာပူ နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အခြားအကြောင်းအချက်တစ်ခုက မတ်လသဘာ၀ ဘေးအန္တရာယ်ကြောင့် နျူကလီးယား အကျပ်အတည်း ဖြစ် ပေါ်ပြီး ဂျပန်နိုင်ငံက စွမ်းအင်ကိုပြည်ပက တန်ဖိုးကြီးကြီးနဲ့ တင်သွင်းရလို့ ဖြစ်ပေါ်တဲ့ဂယက်ပဲဖြစ်ပါတယ်လို့ ဖူဂျစ်ဆု သုတေသနသိပ္ပံမှ အကြီးတန်းစီးပွားရေးပညာရှင် မာတင်ရှုက ပြောပါတယ်။ Source: economictimes.indiatimes.com
Background
