တရုတ်နိုင်ငံက ၂၀၁၂ အတွက် အနိမ့်ဆုံးဆန်ဝယ်ဈေးကို မြှင့်တင်
တရုတ်နိုင်ငံဟာ တောင်သူများ စပါး ပိုမိုစိုက်ပျိုးဖို့အား ပေးတဲ့ အနေနဲ့ ၂၀၁၂ အတွင်း အနိမ့်ဆုံး ဆန်ဝယ်ယူ ဈေးကို မြှင့်တင်မယ်လို့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးစီမံကိန်း အေဂျင်စီက ဇန်နဝါရီလ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။ သီးနှံ ထုတ်လုပ်မှုမြှင့်တင်ဖို့နဲ့ တောင်သူတွေ ဝင်ငွေပိုမို ရရှိ စေဖို့ရည်ရွယ်ပြီး၊ နှစ်စဉ်ဈေးနှုန်း တိုးမြှင့်ခဲ့တာ ဒီနှစ်နဲ့ပါဆိုရင် (၅) နှစ်မြောက်နှစ်ဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းထွက်ရှိတဲ့ အင်ဒီကာ အမျိုးအစား ဆန် အတွက် အနိမ့်ဆုံးဝယ်ယူဈေးကို ၅၀ ကီလိုပါတစ်အိတ်ကို ၂၀၁၁ခုနှစ်ထက်၁၈ ယွမ်(ကန်ဒေါ်လာ ၂ ဒသမ ၈၅ )မြှင့်ပြီး၊ ယွမ် ၁၂၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၀၁) ဈေးနဲ့သတ်မှတ် ခဲ့တယ်လို့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မရှင်က ၎င်းင်းရဲ့ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။အလယ်အလတ်ပိုင်းနဲ့ နောက်ပိုင်းကာလမှ ထုတ်လုပ်ထွက်ရှိမဲ့ အင်ဒီကာအမျိူးအစား ဆန်အတွက် ဈေးနှုန်းကို ယွမ် ၁၂၅ (ကန်ဒေါ်လာ ၁၉ ဒသမ ၈)ထိ တိုးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပွန်နီကာ ဆန်အမျိုးအစားဈေးကိုလည်း ၂၀၁၁ ခုနှစ်ဈေးနှုန်းထက် ၁၂ ယွမ် (ကန်ဒေါ်လာ ၁ ဒသမ ၉ ) တိုးပြီး၊ ၅၀ ကီလိုတစ်အိတ်ကို ယွမ် ၁၄၀ (ကန်ဒေါ်လာ ၂၂ ဒသမ ၁၈) အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ မှာ ဆန်နဲ့ဂျုံဟာ အဓိကသီးနှံများဖြစ်ပါတယ်။ ပြည်တွင်းသီးနှံ ထွက်ရှိမှုဟာ ယခင်နှစ်က တန်ချိန် ၅၇၁ ဒသမ ၂၁ သန်းထိ မြင့်တက်ခဲ့လို့ ( ၈) နှစ်မြောက်ဆက်တိုက် တိုးတက်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။ ဗဟိုအစိုးရအာဏာပိုင်မှ ၂၀၁၂ အတွက် ပထမဆုံး မူဝါဒက သီးနှံထုတ်လုပ်တည်ငြိမ်စေဖို့အတွက် ယခုနှစ်စိုက် ပျိုးရေးမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ပံ့မှုတွေ ဆက်လက် တိုးမြှင့် ချထားမယ်လို့ပြောကြားပါတယ်။ အဓိက သီးနှံစိုက်ပျိုးတဲ့ ဒေသများ၊ တောင်သူများနဲ့ လယ်ယာသမဝါယမများကိုလည်း ထောက်ပံ့မှု ပိုမိုပေးသွားမယ်လို့ဆိုပါတယ်။ (မှတ်ချက်-ကမ္ဘာ ပေါ်တွင်အင်ဒီကာနှင့်ဂျပွန်နီကာဟူ၍အဓိကအားဖြင့် ဆန်(၂) မျိုးသာရှိပြီး၊ မြန်မာနိုင်ငံမှ ဆန်များမှာ အင်ဒီကာအမျိုးအစား တွင် ပါဝင်ပါသည်။)လမင်း၊ Source: Xinhua.com
