Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ မတ်ပဲ ပုံမှန် အရောင်းအဝယ်ဖြစ်

Mon, 02/06/2012 - 05:14 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကို ပုံမှန်အရောင်း အဝယ်ရှိနေပါတယ်။ ဇန်နဝါရီလ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်းတန်ချိန် ၆၅၀၀ ခန့်အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှုထက် တန် ၁၀၀၀ ခန့် ပိုမိုခဲ့ကြောင်း သိရပါ တယ်။    အိန္ဒိယဝယ်လက်များက လက်ရှိဈေးမှာ ကြိုက်ဈေးဖြစ်နေပေမဲ့ ပြည်တွင်းဈေး ကွက်မှာ မတ်ပဲဈေး အပြောင်းအလဲဖြစ်နေလို့ များများမဝယ်ရဲကြသေးဘူးလို့  ကုန် သည်ကြီးတစ်ဦးက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေ တန်ဖိုးမာနေပေမဲ့ မတ်ပဲဈေးကတော့ ယခင်တစ်ပတ်ထက် ကျဆင်းခဲ့ပါတယ်။           ဒေါ်လာ/တန်                 မတ်ပဲ(FAQ)     မတ်ပဲ(SQ)၃-၂-၂၀၁၂    ၅၃၀-၅၅၀      ၅၇၀-၅၉၀၂၇-၁-၂၀၁၂    ၅၇၀-၅၉၀    ၆၁၀-၆၃၀MIRT(MAPT)