Main menu

Background

ပြည်မတ်ပဲအဟောင်းရော အသစ်ပါအရောင်းအဝယ်ဖြစ်

Mon, 02/06/2012 - 05:19 -- Anonymous (not verified)

    ပြည်ပွဲရုံများသို့ ပတ်ဝန်းကျင်ရွာများမှ မတ်ပဲသစ်များ တစ်နေ့အိတ် ၁၅၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ပဲကုန်သည်တွေရဲ့လက်မှာ ပဲဟောင်းလက်ကျန် လည်း ရှိနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက်များအား ပဲသစ် ပဲဟောင်း နှစ်မျိုး စလုံး အဝယ်ရှိနေပါတယ်။ ပဲတစ်တင်းကို ၁၂၉၀၀ ကျပ်ဈေးနဲ့တစ်နေ့အိတ် ၇၀၀-၈၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ အရောင်းအဝယ် များပေမဲ့ ရန်ကုန်ဝယ်လက်တွေက ဈေးလျှော့အဝယ်ရှိတာကြောင့် ပဲဈေးကတော့ လျော့နေ တယ်လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ ပဲစီးဆင်းမှု က တစ်နေ့ကို အိတ် ၅၅၀၀ ခန့် တင်ပို့နေတယ်လို့သိရပါတယ်။       မိမိအေး