Main menu

Background

ဝင်ရောက်မှုများပြီး အရောင်းအဝယ်သွက်နေတဲ့ ဟင်္သာတမတ်ပဲဈေးကွက်

Mon, 02/06/2012 - 05:20 -- Anonymous (not verified)

    ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်သို့ မတ်ပဲအသစ်များ ဟင်္သာတမြို့အနီးရှိ ကျေးရွာများမှ တစ်ရက် အိတ် ၃၀၀ ခန့် ဝင်ရောက်ခဲ့တဲ့အတွက် ယခင်တစ်ပတ် မတ်ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့သိရပါတယ်။ မတ်ပဲသစ်များ အဝင်များလာသ လို အဝယ်လည်း လိုက်လာပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၂၅၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ မတ်ပဲဈေးနှုန်းမှာ တစ်တင်း ၁၃၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရပါတယ်။                အေးအေးခိုင်