Main menu

Background

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု တန် တစ်သောင်းအောက်လျော့

Mon, 02/06/2012 - 05:22 -- Anonymous (not verified)

    ယခင်သီတင်းပတ်များက ပဲစင်းငုံတန် တစ်သောင်းအထက်မှာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်(ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာတော့ တန် ၉၀၀၀ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိပေမဲ့ တင်ပို့မှုမှာတော့ လျော့ကျခဲ့ပါတယ်။    လက်ရှိ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်ဇန်နဝါရီ ၂၇ ရက်အထိ ပဲစင်းငုံ တန်ချိန် ၂၄၀၀၀၀ ခန့်တင်ပို့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း ပဲစင်းငုံတန်ချိန် တစ်သိန်းကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၈၇ သန်းသာရှိလို့ ယခနှစ် ပဲစင်းငုံတင်ပို့မှုတန်ချိန် တစ်သိန်း ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ပဲစင်းငုံ တင်ပို့မှု ဆက်လက် ကောင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။   MIRT - MAPT