ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံကို အရောင်းအဝယ်သွက်နေဆဲဖြစ်ပါ တယ်။ အသစ်တွေ လှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ပြည်ပဝယ်လက်တွေက ပဲစင်းငုံ သစ်ဝယ်ယူမှုရှိသလို အဟောင်းကိုလည်း ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။ ဇန်န ဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး ငြိမ်နေပြီး အရောင်းအဝယ်သွက်နေပေမဲ့ ပဲစင်းငုံ ရန်ကုန် FOB ဈေးမှာ လျော့ကျလာခဲ့တာ တွေ့ရပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ၊ အဖြူ အနီ(အဟောင်း)၃-၂-၂၀၁၂ ၆၀၀-၆၂၀ ၄၈၀-၅၀၀ ၅၆၅-၅၈၅၂၇-၁-၂၀၁၂ ၆၄၀-၆၆၀ ၅၁၀-၅၃၀ ၅၉၀-၆၁၀MIRT(MAPT)
Background