Main menu

Background

အိန္ဒိယ ပဲစင်းငုံဈေး အကျဘက်မှ အတက်ဘက်ကို ပြန်လှည့်လာ

Mon, 02/06/2012 - 05:26 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဂူဘာကာနဲ့ ကာနာတာကာက ပဲစင်းငုံ ဝင်ရောက်မှု တိုးလာခဲ့လို့ ယခင်ရက်ပိုင်းက ဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဈေးအနိမ့်နဲ့ အဝယ်ပြန်တက်လာတဲ့အတွက် ယခုရက်ပိုင်း မှာတော့ ပြန်လည်မြင့် တက်လာခဲ့ပါတယ်။ ယခုနှစ်ပဲစင်းငုံထွက်ရှိမှုက တန်ချိန် သိန်း ၂၀ကို ယခင်နှစ် ထွက်ရှိမှု တန်ချိန် သိန်း ၃၀ ထက် လျော့ကျမယ် ခန့်မှန်းထားလို့ ပဲစင်းငုံဈေးနှုန်း မကျဆင်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် ဝယ်လိုအား ပြန်ကောင်းလာနိုင်လို့ ပဲစင်းငုံဈေး ခိုင်မာလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                ၂-၂-၂၀၁၂    ၁-၂-၂၀၁၂    ၃၁-၁-၂၀၁၂    ၃၀-၁-၂၀၁၂မွန်ဘိုင်း        ၆၃၉             ၆၃၇               ၆၃၃             ၆၅၀ဒေလီ        ၆၈၆-၆၈၇       ၆၇၁-၆၇၂     ၆၆၇-၆၆၈        ၆၈၄-၆၈၅ချန်နိုင်း         ၆၆၀               ၆၅၂             ၆၃၃             ၆၃၀MIRT(MAPT)