Main menu

Background

ပဲတီစိမ်းသစ်များ ဆက်လက်တင်ပို့

Mon, 02/06/2012 - 05:42 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းအဟောင်းနဲ့ အသစ်များ ဆက်လက်တင်ပို့နေရာ ယခုတစ်ပတ် (ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်) အတွင်းမှာ တန် ၃၀၀၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝယ်လက်ကြိုက်တဲ့ ပဲတီစိမ်းအသစ်များ ဝင်ရောက်လာနေပြီ ဖြစ်လို့ တင်ပို့မှုအားကောင်းလာတော့မှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၂၄၈၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၃၂ သန်းကျော် ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၁၉၆၀၀၀ ခန့် တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂၃ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ ပဲတီစိမ်းတန်ချိန် ၅ သောင်းကျော်ပိုမိုတင်ပို့နိုင်ခဲ့ပေမဲ့ ဝင်ငွေပမာဏမှာ အနည်းငယ်သာ ပိုမိုတာတွေ့ရပါတယ်။MIRT - MAPT