Main menu

Background

FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ် အကောင်းဆုံးပဲဖြစ်လာ

Mon, 02/06/2012 - 05:44 -- Anonymous (not verified)

    ယခင်သီတင်းပတ်များက ရန်ကုန်တိုင်းဒေသကြီး FOB  ဈေးကွက်မှာ ပဲစင်းငုံသာ အရောင်းအဝယ်သွက်ပြီး ပဲတီစိမ်း ပမာဏ အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ် အကောင်းဆုံးပဲ ဖြစ်လာပါ တယ်။ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ပဲတီရွှေဝါ တန်ချိန် ၁၅၀၀၀ ကျော်၊ ပဲတီစိမ်း တန် ၂၀၀၀ ခန့်နဲ့ စုစု ပေါင်းတန်ချိန် ၁၇၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။    အိန္ဒိယဝယ်လက်ကြိုက်တဲ့ ခရမ်း၊ သုံးခွ ပဲတီရွှေဝါစများ ဈေးကွက်ဝင်လာသမျှ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်သွက်ပြီး အရည်အသွေးကောင်းလို့ အခြားပဲဈေးများ လျော့ကျပေမဲ့ ပဲတီစိမ်း FOB ဈေးကတော့ ငြိမ်နေပါ တယ်။ ဖေဖော်ဝါရီလ ၃ ရက် ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း FAQ  အညာ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀၊ ပခုက္ကူစ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ပဲတီရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၈၂၀-၈၄၀ အသီးသီးရှိကြောင်း သိရပါတယ်။                                                                                                                                         MIRT - MAPT