ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများကတစ်ဆင့် တစ်ဖက်အိမ်နီး ချင်း နိုင်ငံများသို့ ပဲတီစိမ်းလုံးပြည့် ၅၀၆ တန်ကျော်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၃၅၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၆၄ တန်ကျော်၊ တန်ဖိုး ဒေါ်လာ သုညဒသမ ၀၆၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးကာလပြီးဆုံးပြီဖြစ်တဲ့ အတွက် ကုန်ပစ္စည်းဝယ်ယူမှုများ ပြန်လည်လုပ်ဆောင်လာတာကြောင့် မူဆယ်နယ်စပ်မှ ယခင်အပတ်နဲ့နှိုင်းယှဉ်ရင် ၂ ဆကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မြဝတီနယ်စပ်က တန်ချိန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပြီး မန္တလေး-မူဆယ် ပဲတီစိမ်း သယ်ပို့ခက ၁ ပိသာကို ၁၀၀ ကျပ်ပေါက်ပြီး ယခင်အပတ်နှုန်းထက် ၅ ကျပ် ဈေးကျခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက် နိုင်ငံဈေးမှာ တည်ငြိမ်နေပြီး မိမိဘက်ဈေးကတော့ ကျဆင်းနေတာ တွေ့ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း (အညာ) ၄၉၆၇၃၁ ၅၅၇၂၉၁ ၆၀၅၆၀ ၁၂ ၇၉၀ ၇၉၀ - - MIRT (DOBT)
Background