Main menu

Background

ပဲအသစ်ပေါ်ချိန်ပဲဝယ်လိုအားနည်းခြင်းကြောင့် အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးနှုန်းအားနည်းလာ

Mon, 02/06/2012 - 05:46 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်ရှိ မွန်ဘိုင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်းတွေ တည်ငြိမ်ခိုင်မာနေတယ်။ ပြည်တွင်းပဲခွဲစက် တွေက လက်ရှိမတ်ပဲဈေးနှုန်းကို နှစ်ခြိုက်ပြီး အဝယ်များနေခြင်းက ဈေးနှုန်းကျဆင်းမှုကို ထိန်းထား ကာတည်ငြိမ်ခိုင်မာ စေတယ်လို့ သိရတယ်။    ပဲတီစိမ်းဈေးနှုန်းမှာလည်း ယခင်အပတ်ကထက် အားနည်းသွားတယ်။ ပဲခွဲစက်တွေမှ ဝယ်လိုအားနည်းခြင်း၊ သိုလှောင် ထားမှုများစွာ ရှိနေခြင်းတို့ကြောင့် ဈေးနှုန်းအားနည်းတယ်လို့ သိရတယ်။ ဒါပေမဲ့ ပဲတီစိမ်းထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ထုတ်လုပ်စရိတ်မြင့်မားခြင်းကြောင့် ဈေးကျဆင်းနိုင်ဖွယ်မရှိကြောင်း ၊ လာမယ့်ရက်အနည်းငယ်အ တွင်း ဈေးနှုန်းတည်ငြိမ် နိုင်ကြောင်း ခန့်မှန်းကြတယ်။    ပဲစင်းငုံနီဈေးနှုန်းမှာလည်း ယခင်သီတင်းပတ်ကထက် အနည်းငယ်လျော့နည်းသွားတယ်။ ပဲအသစ် တွေဝင်လာခြင်းနဲ့ အရောင်းအဝယ်ထိုင်းမှိုင်းခြင်းတို့ကြောင့် ဈေးနှုန်းအားနည်းကြောင်း၊ ရန်ကုန်ရှိပဲစင်းငုံဈေးက တစ်တန်ကို ၆၁၀ ဒေါ်လာ အထိ ရောက်ရှိ မြင့်မားနေခြင်းကလည်း ပဲစင်းငုံဝယ်လိုအားကို လျော့နည်းစေကြောင်း သိရတယ်။    ကုလားပဲဖြူလုံးကြီးဈေးနှုန်းများမှာတော့ ကျဆင်းလျက်ရှိတယ်။ ဒေလီဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး အသစ်တွေက တစ်ကွမ်တယ်ကို ရူပီး ၂၀၀-၃၀၀ ကျဆင်းသွားပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာလည်း တစ်ကွမ်တယ် ကို ၃၈၀၀-၃၉၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၇၆၅-၇၈၅ ဝန်းကျင်) နဲ့ ဈေးငြိမ်နေတယ်။ လာမယ့်ရက်တွေအ တွင်း တစ်ကွမ်တယ်ကို ၁၀၀-၂၀၀ ရူပီး ဝန်းကျင်ဈေးကျမယ် ခန့်မှန်းထားတယ်။ ကုလားပဲဖြူလုံးကြီးအသစ်မှာတော့ တစ်ကွမ်တယ်ကို ရူပီး ၅၀၀ ဝန်းကျင်အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြတယ်။ပပ၊Source:nnscommoditynews.comç etrademyanmar.com