အချို့ဈေးကွက်တွေကို ကုလားပဲအသစ်များ ဝင်ရောက်စပြုလာပြီဖြစ်လို့ ရန်ကုန် FOB ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး အသစ်များ အရောင်း အဝယ်စပြီးပြန်ဖြစ်လာပါပြီ။ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ကုလားပဲဖြူလုံးကြီးတန် ၃၆၀ အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ပမာဏ တန် ၁၂၀ ထက် ပိုလာတာတွေ့ရပါတယ်။ ပြည်ပတင်ပို့မှု အနေနဲ့ ယခုတစ်ပတ် (ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာ အိန္ဒိယကို ၁၂ တန်သာ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ ၤဗျှ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ ရှိရာမှ ဖေဖော်ဝါရီလ ၃ ရက်မှာ ကန်ဒေါ်လာ ၇၀၀-၇၂၀ ကို လျော့ကျခဲ့ပါတယ်။ MIRT - MAPT
Background