မုံရွာခရိုင် ၈ မြို့နယ်ရဲ့ ယခုနှစ် ကုလားပဲစိုက်ဧက ၂ သိန်းကျော်အနက် ယခုအခါ ၄ ပုံ ၁ ပုံရိတ်သိမ်းပြီး ဖြစ်သလို မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ထဲကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက တဖြည်းဖြည်းဝင်ရောက်လာခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီထွက်ပစ္စည်းဟောင်းလက်ကျန်ပြတ်သလောက်ဖြစ်ခဲ့လို့ ဒီနှစ်ပဲ သစ် ပေါ်ချိန်မှာ ဈေးကောင်းရဖို့ တောင်သူတွေ မျှော်လင့်ခဲ့ကြပေမယ့် ကုလားပဲမျိုးစုံ မနှစ်ကဒီရာသီထက် တစ်တင်း ၅၀၀၀ ကျပ် မှ ၂၃၀၀ ကျပ်ထိ ဈေးလျော့နည်းခဲ့ တာ တွေ့ရပါတယ်။ မနှစ်က V2 ဈေးဟာ ဖေဖော်ဝါရီ ၂ ရက်မှာ တစ်တင်း ၂၂၅၀၀ ကျပ်ဈေးပေါက်ခဲ့ပြီး၊ ယခုနှစ်ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တစ်တင်း ၁၆၀၀၀ ကျပ်သာပေါက်ခဲ့ကြောင်း၊ V2 ဈေးမှာ မနှစ်ကဖေဖော်ဝါရီ ၁၅ ရက်မှာ ၁၈၃၀၀ ကျပ်ထိ ကျသွားခဲ့သလို ယနေ့ဈေးနဲ့ဆို ၂၃၀၀ ကျပ်ထိ ကွာဟနေဆဲ ဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မုံရွာကုန်စည်ဒိုင် ကုလားပဲမျိုးစုံရဲ့ တစ်တင်း အမြင့်ဆုံးပေါက်ဈေး တွေကတော့ V2 ၁၆၇၀၀ ကျပ်၊ ထိုင်ဝမ် ၁၆၀၀၀ ကျပ်နဲ့ 929 ၁၆၅၀၀ ကျပ်အသီးသီး ဖြစ်ပေါ်ခဲ့ပြီး၊ ဝယ်လက်အားဖြင့် Export ဝယ်လက် မရှိသေးဘဲ စက်သမားပဲလက်လီနဲ့ ဒေသခံကုန်သည်တွေ ဝယ်ယူနေကြတယ်လို့ ဈေးကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ပေါက်ဈေးပေါ်မူတည်ပြီး၊ အဝယ် သမားရော အရောင်းသမားပါ ထိန်းနေကြလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၅၀၀ မှ ၁၅၀၀ အတွင်းသာရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ထွန်းလှိုင်
Background