ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ် မှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်ကို ပဲအဝင်မရှိသလို ဒေသတွင်း ခွဲစက်သမားများက လည်းလက်ကျန်ပဲများကိုသာ ခွဲခြမ်းပြုလုပ်ရောင်းချနေတဲ့အတွက် အရောင်း အဝယ် အေးပြီး၊ ပဲဈေး ဆက်ကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။ တစ်နေ့ အိတ် ၁၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ရှိပါတယ်။လွင်လွင်ဆန်း
Background
