Main menu

Background

အောင်ပန်းချင်းဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်

Mon, 02/06/2012 - 05:58 -- Anonymous (not verified)

    အောင်ပန်းဈေးကွက်မှာ ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နေ့ဆိုရင် အဝင်ပိုများပြီး၊ ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့်အဝင်ရှိပါတယ်။ အောင်ပန်းဒေသ တစ်ဝိုက်ရယ်၊ ဟိုပုံးချင်းနဲ့ နမ့်စန်ချင်းတွေလည်း အနည်းအကျဉ်းဝင်နေတယ်လို့ လည်း သိရပါတယ်။ ချင်း(စို)က ဒီနှစ်မှာ မနှစ်ကလောက်အဝင်မများသလို ဖြုန်း အားလည်း မများသေးပါဘူး။ ပြည်တွင်းသမားတွေကသာ မီးဖိုချောင်သုံး အတွက် ရယ်၊ဓားလှီးချင်းလုပ်ဖို့အတွက်သာအဝယ်ရှိနေတာကြောင့်ပုံမှန်လောက်သာအရောင်း အဝယ်ဖြစ်နေပါတယ်။ ဈေးကွက်မှာလည်း ဈေးနှုန်းကအမျိုးမျိုးရှိပါတယ်။ အောင် ပန်း၊ ပင်းတယ၊ ဟဲဟိုးကထွက်တဲ့ ချင်းတွေမှာမှ အခက်ကြီးပြီးလှရင် တစ်ပိဿာ ၃၅၀ ကျပ်မှ ၃၇၀ ကျပ်ဈေးရှိပြီး၊ ပယ်ချင်းတွေကတော့ ၂၂၀ ကျပ် -၂၅၀ ကျပ်ဈေးရှိပါတယ်။ဟိုပုံးနဲ့ နမ့်စန်ချင်းကတော့တစ်ပိဿာ၂၈၀ ကျပ် - ၂၉၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်က သိပ်များများစားစား မရှိသေးပါဘူး။ ၅ ရက်တစ်ဈေးမှာ အဝင်ပျမ်းမျှက ပိဿာချိန် ၂၀၀ - ၃၀၀ ခန့်သာရှိပါတယ်။ ချင်းလက်ရှိပေါက်ဈေးကတော့ တစ်ပိဿာ ၂၅၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ဧဧခိုင်