Main menu

Background

မန်ကျည်းစေ့ ပို့အားကောင်း

Mon, 02/06/2012 - 05:59 -- Anonymous (not verified)

    ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မန်ကျည်း ၃၉၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အင်ဒိုနီးရှားနိုင်ငံကို ၁၇၄ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၁၄၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒီတစ် ပတ်မန်ကျည်းတင်ပို့မှုကို ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံကို အများဆုံးတင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ရာ့ခုနှစ်ဆယ်ကျော်ထိ ပို့အားကောင်းကောင်းနဲ့ တင်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာလည်း ဆက်လက် တင်ပို့အားကောင်းခဲ့ပါတယ်။ FOB  ဈေးတစ်တန်ကို ကန်ဒေါ်လာ ၇၀၀-၇၅၀ နဲ့တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်းရှစ်သောင်းကျော်ရရှိ ခဲ့ပါတယ်။ MIRT (DOT)