ကယားပြည်နယ်လွိုင်ကော်ဈေးကွက်အတွင်း ဒီမော့ဆိုမြို့နယ်၊ ကုန်းသာ ကျေးရွာမှ စိုက်ပျိုးထွက်ရှိတဲ့ မိုးစိုက်အာလူးများ ၂၀၁၁ ဒီဇင်ဘာလမှ စတင်ထွက်ရှိ ခဲ့ပြီး၊ ယခုအခါ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ လွိုင်ကော်မြို့ပေါ် ပေါက်ဈေးမှာ အာလူးတစ်ပိဿာကို အရွယ်အမျိုးအစားအလိုက် လက်လီ ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ရှိပြီး၊ အာလူးထွက်ရှိရာ ကျေးရွာကွင်းဈေးမှာ ပင်ကျ(အကြီးအသေး ရောရာ)တစ်ပိဿာကို ၃၀၀ ကျပ်ဈေးနှုန်းနဲ့ အရောင်းအဝယ်သွက်နေပါတယ်။ ဒီမော့ဆိုမြို့နယ်မှ ထွက်ရှိတဲ့ အာလူးများမှ လွိုင်ကော်ဈေးကွက်တွင်သာမက ရှမ်း ပြည်နယ် တောင်ပိုင်း နောင်တရား၊ အောင်ပန်းနဲ့ ရန်ကုန်မြို့ပွဲရုံများအထိ တင်ပို့ ရောင်းချနေရကြောင်း သိရပါတယ်။မင်းအောင်
Background