ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်အတွင်းသို့ မကွေးတိုင်းဒေသကြီးမှ ငရုတ်ခြောက်များ ပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့်နဲ့ အဝင်နည်းနေပါတယ်။ အဝင်နည်းတဲ့အတွက် ဈေးမြင့်မသွားဘဲ၊ ဈေးအနည်းငယ်ကျသွားပြီး ရောင်းဝယ်မှုလည်း လက်လီဝယ်ယူမှုများသာ တစ်နေ့ပိဿာ ၃၀၀ ခန့်နဲ့ အရောင်းအဝယ်အေးလျက်ရှိနေပါတယ်။ယခုတစ်ပတ် ပြည်ငရုတ်ခြောက် ဈေးမှာ တစ်ပိဿာ (အရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀-၃၀၀၀ ကျပ်၊ (အပွ) ၄၂၀၀ ကျပ်တို့နဲ့ ရောင်းဝယ်နေပြီး၊ ရခိုင် ပြည်နယ်ဘက်သို့ တစ်နေ့ အိတ် ၃၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ ဝင်းဝင်းခိုင်
Background