Main menu

Background

ပြည်ကြက်သွန်နီဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်

Mon, 02/06/2012 - 06:59 -- Anonymous (not verified)

    ယခုအချိန်ဟာမကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန် နီထွက်ရှိတဲ့ ကာလဖြစ်ပြီး၊ ပြည်ဈေးကွက်သို့ ယခုတစ်ပတ် အတွင်း ၃၅ ပိဿာဝင်အိတ် ၁၂၀၀ ခန့်အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၁၅၀ ခန့် ပုံမှန်ရောင်းဝယ်လျက် ရှိနေပါတယ်။ အဝင် များတဲ့အတွက် ပြည်ကြက်သွန်နီ ဈေးအနည်းငယ်ကျဆင်း သွားပါတယ်။ပွဲရုံများမှာ ကြက်သွန်နီ တစ်ပိဿာ (ကြီး) ၃၅၀ ကျပ်၊ (လတ်) ၃၂၀ ကျပ်၊ (သေး)၂၅၀ ကျပ်တို့နဲ့ ရောင်းဝယ် နေပြီး၊ ဟင်္သာတသို့ တစ်နေ့ ၃၅ ပိဿာ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ရောင်းဝယ်လျက်ရှိပါတယ်။ ဝင်းဝင်းခိုင်